Ok .. ကြော်ငြာထည့်တဲ့နည်းလမ်းနဲ့ Affiliate Marketing နည်းလမ်း ပြီးသွားပြီဆိုတော့ ဒီတစ်ခါ အခုနောက်ပိုင်းခေတ်စားလာတဲ့
နည်းသစ်တစ်ခုကို ပြောပြပါမယ်။
Sponsored
Content နည်းပါ။
Sponsored
Content ရေးသားးခြင်းဖြင့် ပိုက်ဆံရှာတဲ့နည်းထဲမှာ Form အကွဲတွေအများကြီးပါပါတယ်။ အဓိကအားဖြင့်တော့
ဆိုင်တစ်ဆိုင်ဆိုင်ကို သွားစားပြီး ကောင်းကြောင်းရေးသားးပေးတာ၊ ပစ္စည်းတစ်ခုခုကို သုံးကြည့်ပြီး
ကြိုက်တဲ့အတွက်ကောင်းတယ်လို့ ရေးပေးတာ၊ သတင်းသဘောမျိုး ထည့်သွင်းပေးဖို့ အခကြေးငွေ
ယူပြီး ရေးပေးတာ အစရှိတဲ့နည်းတွေပါပါတယ်။
ကိုယ့် blog
မှာ Traffic တွေ ရလာပြီ လူတွေကလဲ လာဖတ်နေပြီဆိုရင် Sponsored Content စ လက်ခံလို့ ရပါပြီ။
ဒီနေရာမှာ တစ်ခုသတိထားရမှာက ရိုးသားးဖို့ပါ။ မကောင်းတဲ့ပစ္စည်းတစ်ခုကို ကောင်းတယ်လို့
ရေးပေးရင်တော့ ကြာတဲ့အခါ လူတွေက ကိုယ့် blog ကိုပါ ဖတ်မှာ မဟုတ်တော့ဘူး။
ဒါကြောင့် ကောင်းလဲကောင်းတယ်၊၊
ကိုယ်လဲ ကြိုက်တယ် သုံးနေတယ်ဆိုတဲ့ ပစ္စည်းမျိုးတွေကိုပဲ Sponsoredေ၇းပေးသင့်ပါတယ်။
Related: Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းအတိုအထွာများ
Related: Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းအတိုအထွာများ
Sponsored
Content ဖန်တီးရာမှာ စာရေးသားခြင်းအပြင် Video ရိုက်ကူးပေးတာ၊ Review လုပ်ပေးတာ၊ ကိုယ်ဖန်တီးတဲ့
Video ထဲမှာ Product Placement အဖြစ် ပြသွားတာ အစရှိတာတွေလဲ ပါပါတယ်။ အခုနောက်ပိုင်းမှာ
ကြော်ငြာ Agency တွေအနေနဲ့လဲ Blogger တွေကို ရှာဖွေပြီး ရေးခိုင်းတာမျိုးတွေ ရှိလာပြီ
ဖြစ်တဲ့အတွက် ကိုယ့်မှာ Traffic ရှိတဲ့ blog တစ်ခုနဲ့ Audience ရှိပြီးသား Social
Channel တစ်ခု ရှိပြီဆိုရင် လုပ်လို့ရပါပြီ။
ဒါကတော့ အခုနောက်ပိုင်းသုံးလာတဲ့
Blog Monetization နည်းပါ။ အခြား နည်းတွေများကြီး ရှိပါသေးတယ်။ နောက်တစ်ပို့စ်မှာ တခြားကျန်နေသေးတဲ့
Blog Monetization နည်းတွေရေးပေးပါဦးမယ်။
0 Comments