Facebook Page ပိုင်ရှင်များအတွက် Post တင်ခြင်း Tips များ


Facebook နဲ့အခြား Social Media တွေပေါ်မှာ ကျင်လည်ခဲ့တဲ့သူတစ်ဦးအနေနဲ့ Post တင်ပုံတင်နည်း နဲ့
Post တင်သင့်တဲ့အချိန်၊ နေ့ရက် အစရှိတဲ့ Tips တွေကို မျှဝေချင်ပါတယ်.။


Post တင်သင့်တဲ့အချိန်

လေ့လာမှုတစ်ခုအရ "လူတွေဟာ အလုပ်မှာစိတ်ဝင်စားမှုနည်းလာလေ၊ Facebook ပေါ်မှာ
 အချိန်ကုန်လာလေ" လို့ဆိုပါတယ်.။ မနက်ပိုင်း အလုပ်ကိုရောက်ကာစအချိန်မှာ လူတွေဟာ
 တက်ကြွနေကြပါတယ်.။ လုပ်စရာအလုပ်တွေကို မရပ်မနားလုပ်နေကြတာနဲ့ Facebook
သုံးဖို့အချိန်မရပါဘူး.။ ညနေရုံးဆင်းချိန်နီးလာလေ အလုပ်မှာ စိတ်ဝင်စားမှုနည်းလာလေပါပဲ.။ အဲ
ရုံးဆင်းကာနီးကျရင်တော့ အလုပ်မပြတ်လို့ လတ်စသတ်နေရတာနဲ့ Facebook ကို
 ပြန်မေ့သွားတတ်ပါတယ်.။ ဒါကြောင့် Facebook မှာ ပို့စ်တင်ဖို့အကောင်းဆုံးအချိန်ကတော့ နေ့လည် ၁
 နာရီခွဲကနေ ညနေ ၃ နာရီခွဲ အချိန်အတွင်း ဖြစ်ပါတယ်.။ ဒုတိယအကောင်းဆုံးအချိန်ကတော့
မြို့ပြနေလူတန်းစားတွေရဲ့ Average အိပ်ချိန်ဖြစ်တဲ့ ည ၉နာရီခွဲမှ ည ၁၁ နာရီခွဲ
အတွင်းဖြစ်ပါတယ်.။

Post တင်သင့်တဲ့ နေ့ရက်

အထက်ပါအတိုင်းပါပဲ.။ လူတွေဟာ အလုပ်နားရက်နီးလာလေ Facebook မှာ
အချိန်ကုန်လာလေဖြစ်တဲ့အတွက် Post တင်ဖို့အကောင်းဆုံးနေ့ရက်ဟာ သောကြာနေ့ ဖြစ်ပါတယ်.။
ဒုတိယအကောင်းဆုံးနေ့တွေကတော့ ကြာသပတေးနေ့ နဲ့ စနေနေ့ ဖြစ်ပါတယ်.။

Super Sunday မှာဆိုရင်

အများစုအလုပ်ပိတ်ကြတဲ့ တနင်္ဂနွေနေ့မှာတော့ တစ်နေ့လုံး Average ဖြစ်နေတာကိုတွေ့ရပါတယ်.။
ဒါကြောင့် တနင်္ဂနွေမှာ Post တင်မယ်ဆိုရင် မနက် ၉ နာရီခွဲ ဝန်းကျင်ကနေ နေ့လည် ၂
နာရီခွဲဝန်းကျင်အထိ၊ ညနေ ၇ နာရီကနေ ည ၁၁ နာရီအထိ အဆင်ပြေသလိုတင်နိုင်ပါတယ်.။
သတိပြုရမှာက တနင်္ဂနွေညဖက်တင်တဲ့ Post ဟာ တစ်ချို့လူတွေအတွက် တနင်္လာနေ့မနက်မှ
 မြင်ရတတ်ပါတယ်၊ ဒါကြောင့် တနင်္လာနေ့မနက်မှာ မြင်စေချင်တဲ့ Post မျိုးကို တနင်္ဂနွေညမှာ နောက်ကျပြီး တင်လို့ရပါတယ်။

Post တင်ခြင်းအတွက် Tips များ


(၁) Image ပါသော Post များဟာ မပါသော Post တွေထက် ၃ ဆကျော် ပိုပြီးအာရုံစိုက်ခံရပါတယ်.။
ဒါကြောင့် မိမိတင်မယ့် Post ကို မျက်လုံးထဲမှာ ထင်းနေစေမယ့်၊ ကျော်မသွားနိုင်လောက်တဲ့ Image
တစ်ခုခုနဲ့ တွဲတင်သင့်ပါတယ်.။

(၂) အရမ်းရှည်တဲ့ Post တွေတင်ခြင်းမျိုးကိုရှောင်ပါ.။
အများအားဖြင့် ဖတ်ရှုချိန် ၃ မိနစ်အောက်ပဲရှိတဲ့ Post မျိုးတွေကိုပဲ တင်စေချင်ပါတယ်.။ အရမ်းများလာရင်
ဖတ်ရတာစိတ်မရှည်တဲ့အတွက် ကျော်သွားတတ်ပါတယ်.။

(၃) Lists နဲ့ Round-up တွေတင်ပေးပါ.။

Lists ဆိုတာ ဥပမာ - "ကျန်းမာရေးအတွက် အကောင်းဆုံးသီးနှံ (၅) မျိုး" ဒါမှမဟုတ် "ရေသောက်ခြင်းရဲ့
 အကျိုး (၁၀)ချက်" ဒါမှမဟုတ် "၂၀၁၄ ရဲ့အကောင်းဆုံး RPG Game (၇) ခု" စသည်ဖြင့်လို Post
မျိုးတွေကို ခေါ်တာပါ.။

Round-up ဆိုတာကတော့ ဥပမာ - "၂၀၁၄ သြဂတ်စ်လအတွက် BillBoard အကောင်းဆုံး သီချင်း (၅)
ပုဒ်" ဒါမှမဟုတ် "ဒီလအတွင်း Page ရဲ့ Popular အဖြစ်ဆုံး Posts များ" စသည်တို့ကို
 ပြောတာဖြစ်ပါတယ်.။

အဲဒီလို Post မျိုးတွေဟာ ဆွဲဆောင်မှုပိုရှိပြီး ဖတ်ရတာ ပိုအဆင်ပြေတဲ့အတွက် User တွေ
စိတ်ဝင်အစားဆုံး Post တွေဖြစ်ပါတယ်.။

(၄) Consistent ဖြစ်ပါ.။

Page တွေရဲ့ အကြီးဆုံး ပြဿနာကတော့ Consistent မဖြစ်မှုပါပဲ.။ Page စထောင်တဲ့နေ့မှာ Post 15
ခုတစ်ပြိုင်တည်းတင်တယ်.။ ပြီးတော့ နောက် ၂ လလောက်ပျောက်သွားတယ်.။ တစ်ရေးနိုးမှ Post
တစ်ခုထတင်တယ်.။ ပြီးရင်ပျောက်သွားပြန်ရော.။ အဲဒါမျိုးကိုရှောင်ကျဉ်ပေးပါ.။ "စပြီး Page
 ထောင်စဉ်ကတည်းက ကိုယ့်ရဲ့ အချိန်ပေးနိုင်မှုပေါ်မူတည်ပြီး Daily လား ၂ ရက်တစ်ခါလား ဒါမှမဟုတ်
တစ်ပတ်တစ်ခါလား ကြိုတင်သတ်မှတ်ပြီး Post တင်သင့်ပါတယ်.။" ဒါမှ User တွေအနေနဲ့ ကိုယ့် Page ကို
စိတ်ဝင်စားမှု ရှိနေမှာဖြစ်ပြီး User တွေနဲ့ အဆက်အသွယ်မပြတ်မှာပါ.။

Post a Comment

0 Comments