Blogging အကြောင်းရေးရာကနေ
Facebook Marketing လေး ရေးပေးပါဦးပြောကြတာနဲ့ ဒီဖက်ကို ခဏလှည့်လိုက်ရတယ်။
ဒီနေ့တော့ နည်းနည်းလူသိနည်းတဲ့
Audience Insights အကြောင်း ပြောပြမယ်။
Facebook မှာ
Audience Insights ဆိုတာရှိတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ Facebook Page တွေမှာ ပါတဲ့
Insight လိုပဲ။ သူက ထူးခြားတာက Page တစ်ခုချင်းစီအလိုက် ကြည့်ရုံတင်မကဘူး၊ နိုင်ငံတစ်နိုင်ငံ၊
ဒါမှမဟုတ် မြို့တစ်မြို့ကိုရွေးပြီး အဲဒီနိုင်ငံ၊မြို့က လူတွေ ဘယ် Page တွေကို အများဆုံး
Like လုပ်ကြလဲ၊ ယောက်ျားမိန်းမဘယ်နှစ်ယောက်၊ အသက်တွေကဘယ်အရွယ်၊ ဘယ်လိုအမူအကျင့်တွေရှိလဲ၊
သုံးတဲ့ ဖုန်းအမျိုးအစား၊ OS တွေ၊ ခရီးသွားခဲ့လား မသွားခဲ့ဘူးလား ဆိုတာတွေကအစ
Relationship Status တွေနဲ့ အလုပ်အကိုင်တွေအထိ အကုန်ကြည့်လို့ရတယ်။
To be
fair... 100% တော့ မမှန်ဘူး။ ကျွန်တော်တို့ဆီမှာက Relationship Status တော်တော်များများက
Single ဖြစ်နေတတ်တယ်။ လူကြီးတွေက ပြောင်းရကောင်းမှာမသိတာနဲ့ မပြောင်းတတ်တာနဲ့၊ ကျွန်တော်တို့တောင်မှ
အလုပ်ရှုပ်လို့ မပြောင်းဖြစ်ဘူး။ နောက်တစ်ခုက အလုပ်အကိုင်မှာ CEO at လယ်ယာပြန်စားရေး
တို့ဘာတို့ Work at Facebook တို့ဘာတို့နဲ့ နည်းနည်းလွဲပါလိမ့်မယ်။
But still
70% တော့ ယုံစားလို့ရပါတယ်။ စမ်းသပ်ကြည့်ဖို့အတွက်ကတော့ အောက်ကလင့်ခ်မှာ သွားရောက်
စမ်းကြည့်နိုင်ပါတယ်။ Computer နဲ့မှ အဆင်ပြေမှာမို့ Computer နဲ့ စမ်းကြည့်ကြပါ။
Mobile နဲ့ဆို သိပ်အဆင်မပြေပါဘူး။
0 Comments