Marketer တွေ နေ့စဉ် လုပ်နေရတဲ့ အလုပ်တွေမှ အများကြီး.. တစ်နေ့တစ်နေ့ ချာလပတ်ကို လည်နေတာပဲ ဟုတ်တယ်မလား.. ဒီလောက်အလုပ်များတဲ့အထဲမှာ တစ်ချို့ ကိစ္စလေးတွေကို အလွယ်တကူ လုပ်နိုင်ဖို့ ကူညီပေးမယ့် Extension လေးတွေ ထည့်ထားတဲ့အခါကျတော့ နည်းနည်း သက်သာသလို အလုပ်လဲတွင်တာပေါ့လေ။ ဒါလေးတွေကတော့ ကျနော်ကိုယ်တိုင် သုံးနေတဲ့ Extension တွေပါပဲ။ ကျနော်က Chrome သုံးတဲ့သူဆိုတော့ Chrome Extension တွေကိုပဲ ရွေးချယ်ပေးလိုက်ပါတယ်။
1. Stayfocusd
ဒီ Extension က အစားဗျ.. သူအလုပ်လုပ်တဲ့ပုံစံက ခင်ဗျား Website တစ်ခုအတွက် အချိန်တစ်ခုသတ်မှတ်ပေးလိုက်.. အဲဒီအချိန်ကုန်သွားရင် အဲဒီနေ့မှာ အဲဒီဆိုက်ဒ်ကို ခင်ဗျား ဝင်ကြည့်လို့မရအောင် ပိတ်လိုက်ရော.. ကျနော်တို့လို အများအချိန်ဖြုန်းတဲ့ platform တွေပေါ်မှာ အလုပ်လုပ်စားနေရတဲ့သူတွေအတွက် အခြားအရေးမကြီးတဲ့ကိစ္စမှာ မျောမသွားရအောင် တားထားတဲ့နေရာမှာ အသုံးဝင်သဗျ..Link >> http://bit.ly/2riFHEK
2. Evernote Web Clipper
ဒီ tool ကတော့ နာမည်ကျော် Note App – Evernote က ထုတ်တဲ့ဟာပါ။ သူကတော့ ကိုယ်အွန်လိုင်းသုံးနေရင်း ကြိုက်တဲ့ ပုံ၊ ဆောင်းပါး၊ page တစ်ခုခုတွေ့ရင် အလွယ်တကူ ကလစ်နှစ်ပြီး ဖြတ်ယူပြီး Save လိုက်လို့ရတယ်။ တော်တော်အသုံးဝင်တယ်။Link >> http://bit.ly/2rgTQ5r
3. OneTab
Tab တွေအများကြီး ဖွင့်တဲ့အကျင့်ရှိတယ်မလား.. ဒါဆိုရင်တော့ ဒီကောင်က အသုံးဝင်ပြီ။ သူက ကျနော်တို့လို tab တွေအများကြီးဖွင့်မယ်.. ပြီးရင် မဖတ်ဖြစ်ဘဲ ပြန်ပြန်ပိတ်မိတတ်တဲ့သူတွေအတွက် Tab တွေကို တစ်နေရာတည်းမှာ စုပေးလိုက်တာ။ ဒီအခါ အကုန်လုံးကို တစ်နေရာတည်းကနေ ပြန်ဖွင့် ပြန်ဖတ်လို့ရသလို Chrome ရဲ့ RAM စားနှုန်းကိုလဲ သက်သာစေတယ်။Link >> http://bit.ly/2DK378Z
4. Share to Facebook
ဒါက Curator တွေအတွက်။ အွန်လိုင်းမှာလျှောက်သွားနေရင်း ဖတ်လို့ကောင်းတာတစ်ခုခုတွေ့လို့ ပြန်မျှဝေချင်တဲ့အခါ ဒီ extension နဲ့ဆို အလွယ်တကူ Facebook ကို ပြန် Share လို့ရတယ်။Link >> http://bit.ly/2B7gL30
5. Rapportive
ဒါကတော့ ကျနော်တို့လို Professional email တွေပို့နေရတဲ့သူတွေအတွက်။ ဒီ tool က ဘယ်လိုအလုပ်လုပ်လဲဆိုတော့ မေးလ်တစ်စောင်ရောက်လာတဲ့အခါ အဲဒီမေးလ်ကို အခြေခံပြီး အွန်လိုင်းပေါ်က အဲဒီလူရဲ့ profile တွေကတဆင့် ရာထူးတွေ၊ အလုပ်အကိုင်တွေ အစရှိတဲ့အချက်အလက်တွေကို ဆွဲယူပြပေးတာ.. ကိုယ်နဲ့မေးလ်ပို့နေတာ ဘယ်လိုလူလဲ တန်းသိတာပေါ့။Link >> http://bit.ly/2B9fXuj
6. Save to Facebook
သူကတော့ Share နဲ့ဆင်တယ်.. ဒါပေမယ့် save လုပ်တာပေါ့။ ဒါလေးကလဲ Facebook အသုံးများတဲ့သူတွေအတွက် အွန်လိုင်းမှာတွေ့သမျှကို ပြန်ပြန် save ထားပြီး Facebook မှာ ပြန်ဖတ်ချင်ရင် အသုံးဝင်တယ်။Link >> http://bit.ly/2mPFkNv
7. MozBar
ဒါက SEO သမားတွေအတွက်.. Link တစ်ခု Page တစ်ခုရဲ့ Page Authority နဲ့ Domain Authority ကို အလွယ်တကူရှာပေးနိုင်သလို page analysis လဲလုပ်လို့ရတယ်။ SEO စလုပ်နေတဲ့သူတွေ အသုံးဝင်မယ်။Link >> http://bit.ly/2BaLqfM
8. Save to Pocket
ကျနော်အသုံးအများဆုံး Extension ထဲက တစ်ခုပါပဲ။ အွန်လိုင်းမှာလျှောက်သွားရင်း ဖတ်စရာ၊ ကြည့်စရာ၊ မှတ်သားစရာတစ်ခုခုရှိတဲ့အခါ အလွယ်တကူ နှိပ်လိုက်တာနဲ့ Pocket Account ထဲကို Save သွားရော.. နောင်အခါ ဖုန်းနဲ့ အလွယ်တကူ Offline ပြန်ဖတ်လို့ရတယ်..Link >> http://bit.ly/2DkSYlW
9. Logout 4 All
ဒီကောင်လဲ Super timesaver တစ်ခုပဲ။ အထူးသဖြင့် ရုံးက ကွန်ပျူတာမှာ မနက်ဆို login ဝင်၊ ညနေဆို logout ပြန်ထွက် နေရတဲ့သူတွေအတွက်.. တစ်နေ့တစ်နေ့ ပြန်ကာနီးမှာ အကောင့်ပေါင်း သောင်းခြောက်ထောင်ကနေ ပြန်ထွက်ရတာက အလုပ်တစ်လုပ်.. ဒါလေးသွင်းထားလိုက်.. 1 ချက် ကလစ်တာနဲ့ ရှိသမျှအကောင့်အကုန်လုံးကနေ Logout အကုန်ထွက်..Link >> http://bit.ly/2reEzlR
10. DownAlbum
Facebook မှာ ရှိတဲ့ ကြိုက်တဲ့ Album, Photo, Video တွေအကုန်လုံးကို One Click နဲ့ ဒေါင်းလို့ရမယ့် Super Extension..Link >> http://bit.ly/2DHBflP
11. Full Page Screen Capture
Screenshot ခဏခဏရိုက်ရတဲ့သူတွေအတွက် Full Page ကို ဖမ်းဖို့နည်းနည်းခက်မယ်.. ဒီ tool နဲ့ ဆိုရင် Page တစ်ခုလုံးကို အစအဆုံး ဖမ်းလို့ရတယ်။ ပြီးတော့ အရမ်း Simple ဖြစ်တယ်။ One Click ပဲ။Link >> http://bit.ly/2DkUnJe
ကျနော်ကတော့ ဒါတွေသုံးတယ်.. ခင်ဗျားတို့နေ့တိုင်း သုံးနေတဲ့ အသုံးဝင် Chrome Extension လေးတွေလဲ ပြန်လည်မျှဝေခဲ့ပါဦး။
0 Comments