Digital marketing ဆိုတာ ဒီနေ့ခေတ်ကြီးမှာ စီးပွားရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ ကျွန်တော်တို့ digital marketing လုပ်တဲ့နေရာမှာ ဒီလို strategyလေးတွေနဲ့ လုပ်ရင်တော့ ပိုပြီး ထိရောက်ပါလိမ့်မယ်။
1. Setting a goal
မင်းက မင်းရဲ့ စီးပွားရေးတိုးတတ်ဖို့ နည်းလမ်းတွေ ရှာဖွေနေပါလိမ့်မယ်။ customer များလာစေချင်တာ ဖြစ်ချင်ဖြစ်မယ်။ ပိုပြီး နာမည်ကျော်ကြားချင်တာမျိုး ဖြစ်ချင်ဖြစ်မယ်။ ပြိုင်ဖက်တွေထက် ပိုပြီး ရှေ့ရောက်နေစေချင်တာမျိုး ဖြစ်ချင်ဖြစ်ပါလိ့်မ်မယ်။ ဒီလိုမျိုး ကိုယ်ဘာလိုချင်တာလဲဆိုတဲ့ goal ရှိခြင်းက ဘယ်မှာ ဦးစားပေးရမလဲဆိုတာကို လွယ်လွယ်ကူကူ သိစေနိုင်ပါတယ်။
2. Creating a marketing funnel
အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတိုင်းမှာ ထိရောက်တဲ့ marketing funnel ရှိကြပါတယ်။ မင်းရဲ့ customer က မင်းရဲ့ product ဒါမှမဟုတ် service ကို မသိသေးတဲ့ သူစိမ်းအဆင့်ကနေ မင်း product တွေ service တွေကို အသုံးပြုနေတဲ့ lead အဆင့်ကို ရောက်ဖို့ မင်းဟာ strategies တွေနဲ့ ပြုလုပ်ရပါမယ်။
narketing funnel မှာ အပိုင်းလေးပိုင်း ခွဲလို့ရပါတယ်။ Awareness , Interest, Desire နဲ့ Action ဆိုပြီးတော့ပါ။
Awareness
Customer ဖြစ်နိုင်ခြေ အလားအလာရှိတဲ့သူတွေဟာ မင်းရဲ့ product / service ကို သိကြတယ်။ သူတို့က stranger ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ သူတို့က မင်းရဲ့ website တွေ page တွေကို သူတို့လိုချင်တာ ရဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ လာရောက်ကြည့်ရှု့ကြတယ်။ ဒီအဆင့်မှာ မင်းက သူတို့ လိုချင်တဲ့အရာ မင်းဆီမှာရှိတယ်ဆိုတာကို ပြသပြီး သူတို့တွေကို ဆွဲဆောင်ရပါလိမ့်မယ်။
Interest
သူတို့တွေဟာ မင်းရဲ့ product service ကို စိတ်ဝင်စားလာကြပါပြီ။ ဒီအဆင့်မှာတော့ မင်းက မင်းရဲ့ product / service အတွက် အချက်အလက်တွေပေးမယ်။ သူတို့က မင်းပြောပြတဲ့ မင်းပေးနေတဲ့အရာတွေကို စိတ်ဝင်စားတယ်။ ဒီအဆင့်မှာ အကောင်းဆုံးကတော့ မင်းက တစ်ခြား အချက်အလက်လေးတွေကို ဖေည်ပြပေးတာပါပဲ။ သူတို့ရဲ့ specific need တွေအတွက် အချက်အလက်တွေကို ပေးရမှာဖြစ်ပါတယ်။
Desire
သူတို့က မင်းရဲ့ product / service ကိုဘစိတ်ဝင်စားလာပြီ။ ဒီအဆင့်မှာတော့ မင်းက သူတို့ စိတ်ဝင်စားတဲ့ product / service အကြောင်း အသေးစိတ်ပြောပြပေးရပါမယ်။ ပြီးတော့ သူတို့က ဘာလို့ မင်းရဲ့ product / service ကို ဘာကြောင့် လိုအပ်ရတာလဲဆိုတာနဲ့ ဒီအရာကို အသုံးပြုရင် ဘာအကျိုးကျေးဇူးတွေရမယ်ဆိုတာမျိုး ဒီအရာက သူတို့အတွက် အသင့်တော်ဆုံးဆိုတာမျိုးကို ပြောပြပေးရပါမယ်။
Action
အပေါ်ကအဆင့်တွေ အကုန်ဖြတ်ကျော်ပြီးရင်တော့ ဒီအဆင့်မှာ ဈေးနှုန်းတွေ ငွေပေးချေမှုတွေ ဆွေးနွေးဖို့ပဲ ကျန်ပါတော့တယ်။ ဒီအဆင့်ဟာ မင်းရဲ့ potential customer တွေကို lead အဖြစ်နဲ့ ပြောင်းလဲပေးတဲ့ အရာပါ။
ကောင်းမွန်တဲ့ ထိရောက်တဲ့ marketing funnel ရှိတာာဟာ မင်းအတွက် customer အသစ်တွေ တိုးလာဖို့ကိုသာ ကူညီပေးတာမဟုတ်ဘဲ ထပ်ခါ ထပ်ခါ လာရောက်ဝယ်ယူတဲ့ repeat buyer တွေကိုပါ ရရှိစေပါတယ်။ ဒါ့အပြင် မင်း product / service နဲ့ ပတ်သတ်တဲ့ သူတို့ရဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို တစ်ခြားသူတွေကို မျှဝေပေးကြပါလိမ့်မယ်။
3. Driving traffic
မင်းရဲ့ marketing funnel ထဲကို ဝင်ရောက်လာဖို့ traffic ရှိရပါမယ်။ ဒီလိုလုပ်ဖို့အတွက် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဥပမာ - quality contentတွေ ဖန်တီးရမယ်။ လူတွေ စိတ်ဝင်စားမဲ့ အကြောင်းအရာလေးတွေ ဖန်တီးရပါမယ်။ keyword strategy လို့ ခေါ်တဲ့ သက်ဆိုင်တဲ့ keyword လေးတွေကို မင်းရဲ့ content ထဲမှာ ထည့်သွင်း အသုံးပြုရပါမယ်။ ဒါက ပိုပြီး ထိရောက်စေမှာပါ။ Traffic Driving လုပ်ရာမှာတော့ ကိုယ့်ရဲ့ business ပေါ်မူတည်ပြီး Online Traffic ကိုသုံးမလား Offline store visit ကိုသုံးမလား ဆိုတာကတော့ ပြန်ချိန်ရမှာပေါ့။
0 Comments