Marketing Plan Sample – Marketing Plan တစ်ခုမှာ ဘာတွေပါမလဲ


Marketing Plan ဆွဲလဲဆွဲချင်တယ် ဆွဲလဲမဆွဲတတ်ဘူး ဘာတွေပါရလဲ မသိဘူး ဆိုသူများအတွက် အလွယ်ကူဆုံး Marketing Plan ဆွဲနည်းကို ရှာဖွေတင်ပေးလိုက်ပါတယ်..

Section (1) Executive Summary

ဒီအပိုင်းက တကယ်တော့ နောက်ဆုံးမှ ရေးရမယ့်အပိုင်းပါ။ ဒီအပိုင်းမှာ အခြား section တွေအားလုံးကို summarize လုပ်ထားတဲ့ အကြောင်းအရာတွေ ပါဝင်ပါမယ်။ ဒီအပိုင်းကို ဖတ်လိုက်ခြင်းဖြင့် သင်ကိုယ်တိုင်နဲ့ တခြားသူတွေကိုပါ marketing plan တစ်ခုလုံးကို ခဏအတွင်း နားလည်စေပါတယ်။

Section (2) Target Customer

ဒီအပိုင်းကတော့ ကိုယ်ဘယ်သူ့ကို target ထားသလဲ ဆိုတဲ့ target customer ကို ဖော်ပြထားမှာဖြစ်ပါတယ်။ ဒီမှာ ဘာတွေပါမလဲဆို


  • သူတို့ရဲ့ demographic (ကျားမ၊ အသက်)
  • Interest, Behavior
  • ကိုယ်ရောင်းချတဲ့ ပစ္စည်း၊ ဝန်ဆောင်မှု နဲ့ သူတို့ကြား ပတ်သက်မှု၊ သူတို့ဘာကြောင့် ဒါကို ဝယ်မှာလဲ၊ ဘာတွေလိုအပ်သလဲ


Section (3) Unique Selling Proposition (USP)

ကိုယ်နဲ့ ကိုယ့်ပြိုင်ဘက်တွေကြား ဘာကွာခြားသလဲ ဆိုတာကို အဆုံးအဖြတ်ပေးတာက USP ပါ။ တနည်းအားဖြင့် ကိုယ့်ရဲ့ customer တွေရဲ့ “မင်း ပြိုင်ဘက်ဆီကမဝယ်ဘဲ မင်းဆီက ဘာလို့ဝယ်ရမှာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေလဲ ဖြစ်ပါတယ်။

ဥပမာ - Delivery Company FedEx ရဲ့ “When it absolutely, positively has to be there overnight” လိုမျိုးပေါ့။


Section (4) Pricing & Positioning Strategy

ဈေးနှုန်း သတ်မှတ်ခြင်း နဲ့ နေရာယူခြင်းဟာ ဆက်စပ်နေပါတယ်။ ဥပမာ - ကိုယ်က ကိုယ့် industry ထဲမှာ premium brand အဖြစ် သတ်မှတ်ခံချင်တယ်ဆိုရင် ဈေးအရမ်းလျှော့လို့မရပါဘူး။ ဒီအပိုင်းမှာ ကိုယ်ဘယ်နေရာမှာ ရှိနေချင်သလဲ Positioning နဲ့ ဈေးနှုန်း ဘယ်လိုသတ်မှတ်မလဲ pricing ကို သေချာရေးပါ။

Section (5) Distribution Plan

ဒါကတော့ ကိုယ့်ရဲ့ customer တွေက ကိုယ့်ဆီက ဘယ်လိုဝယ်မလဲဆိုတဲ့ အပိုင်းပါ။ ဒါရိုက်ဝယ်မှာလား၊ ဆိုင်မှာသွားဝယ်မှာလား၊ ရုံးလာဝယ်ရမှာလား စသဖြင့်ပေါ့။ ဒီမှာ အဲဒီအပိုင်းကို Detail ရေးရပါမယ်။

Section (6) Offers

ဒါကတော့ ပရိုမိုးရှင်း သဘောမျိုးပါ။ ဒီ offer တွေက customer အသစ် ရစေပြီး အဟောင်းတွေကိုလဲ ကိုယ့်ဆီ ပြန်လာစေပါတယ်။

Section (7) Marketing Materials

Marketing မှာ ပါဝင်မယ့် ပစ္စည်းတွေအစုံ ဘာတွေပါမလဲ၊ ဘာတွေထုတ်မလဲ ဒီထဲမှာ အကုန်ပါပါမယ်။ Website, Social Media Posts, Pamphlets စသဖြင့်ပေါ့ .. လိုတာတွေ ဒီထဲမှာ ထည့်ရပါမယ်။


Section (8) Promotions Strategy

ဒီအပိုင်းကတော့ ကိုယ့်ရဲ့ ဝန်ဆောင်မှု၊ ပစ္စည်းကို အများသိအောင် ဘယ်လို ကြော်ငြာမလဲ၊ Promote လုပ်မလဲဆိုတဲ့အပိုင်းပါ။ တီဗွီမှာကြော်ငြာမှာလား၊ ဆိုရှယ်မီဒီယာ သုံးမှာလား၊ PR ဘက်သွားမှာလား စသဖြင့် သတ်မှတ်ထည့်သွင်းရပါမယ်။

Section (9) Digital Strategy

ဒီအပိုင်းကတော့ သီးသန့် ထပ်ထည့်ထားရတဲ့အပိုင်းပါ။ တကယ်လို့ အွန်လိုင်းကို သုံးမယ်ဆိုရင် ဘာတွေသုံးမလဲ ဘယ်လိုသွားမလဲ စသည်အားဖြင့် ရေးရမယ့်အပိုင်းပါ။ အခု ကျွန်တော် ဝန်ဆောင်မှုပေးနေတဲ့ အပိုင်းဆိုလဲ မမှားပါဘူး။ ဒီမှာ အခြေခံအားဖြင့်

  • Overall Digital Strategy
  • Content Strategy
  • Digital Media Buying Strategy
  • Customer Experience

စသဖြင့် (၄) ခုပိုင်းလို့ရပါတယ်။ ဒီအပိုင်းကို ကျွန်တော်နဲ့ ဆွေးနွေးချင်တယ်ဆိုရင်တော့ အောက်ပါ လင့်ခ်ကနေ လှမ်းဆက်သွယ်နိုင်ပါတယ်ဗျ။

Contact Me for Consulting Services

Section (10) Conversion Strategy

ဒါကတော့ တကယ်ရောင်းရအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အပိုင်းပါ။ သူတို့ ကိုယ့်ကို စိတ်ဝင်စားလာရာကနေ တကယ်ဝယ်လာအောင် ဘယ်လိုလုပ်မလဲ ဒီမှာ ထည့်ရေးရပါတယ်။

Section (11) Partnerships

ကိုယ့်ဆီက မဝယ်ခင်၊ ဝယ်နေစဉ် အတူတူ၊ (သို့) ဝယ်ပြီး ကာလမှာ တခြား ဘယ်သူဆီကရော ဆက်စပ်ပစ္စည်းတွေ ဝယ်လေ့ရှိလဲ စဉ်းစားကြည့်ပါ။ အဲဒီလူတွေဟာ ကိုယ့်ရဲ့ partner တွေပါပဲ။ ဖုန်းကာဗာ ရောင်းတဲ့သူတွေအတွက် ဖုန်းရောင်းသူတွေဟာ partner တွေပါ။ သူတို့နဲ့ ဘယ်လိုဆက်သွယ်လုပ်ကိုင်မလဲ။ ဒီထဲမှာ ပါပါမယ်။

Section (12) Referral Strategy

ကိုယ့်ရဲ့ customer အဟောင်းတစ်ယောက်စီတိုင်းက နောက်ထပ် customer အသစ် (၁) ယောက်ကို ညွှန်ပေးနိုင်မယ်ဆိုပါစို့.. ကိုယ့်ရောင်းအား (၂) ဆ တက်သွားမှာ သေချာပါတယ်။ ဒီတော့ ကိုယ့်ဆီက ဝယ်သွားတဲ့သူတွေ တခြားသူကို ထပ်ညွှန်အောင် ဘယ်လိုလုပ်မလဲ။ သူတို့ ပြန်ညွှန်အောင် ဘယ်လို reward တွေပေးမလဲ၊ ဘယ်အချိန်မှာ သူတို့ကို ညွှန်ပေးပါလို့ပြောရမလဲ စသဖြင့် strategy လိုပါမယ်။

Section (13) Increasing Transition Price Strategy

ကိုယ့်ရဲ့ ပြိုင်ဘက်က တစ်ခါရောင်းရင် ဒေါ်လာ ၂၀၀ ရနေတဲ့အချိန် ကိုယ်က ၁၀၀ ပဲ ရတယ်ဆိုရင် သူက ကိုယ့်ထက် တစ်ဝက်ပဲ အလုပ်လုပ်ဖို့လိုပြီး ကိုယ်နဲ့အတူတူရနေသလို ဖြစ်နေပြိပေါ့။ ဒါဆို တစ်ခါရောင်းရတိုင်းမှာ Transition Price တက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ Strategy လိုလာပါပြီ။ Bundle, Package တွေနဲ့ ရောင်းမလား၊ Crossselling လုပ်မလား စသဖြင့်ပေါ့

Section (14) Retention Strategy

Customer အသစ်တွေ ရှာတာထက် အခုရှိပြီးသား customer က မကြာခဏပြန်ဝယ်အောင် လုပ်ရတာ ပိုပြီး ကုန်ကျစားရိတ်သက်သာပါတယ်။ သူတို့ မကြာမကြာပြန်ဝယ်အောင် newsletter ပို့တာမျိုး မန်ဘာကတ်လုပ်တာမျိုး ဘယ်လို strategy နဲ့ သွားမလဲ..

Section (15) Financial Projections

ဒီအပိုင်းမှာတော့ ရှေ့က section တစ်ခုချင်းစီမှာ ရှိမယ့် ကုန်ကျစားရိတ်၊ အဲဒီကနေ ပြန်ရလာမယ့် ဝင်ငွေ၊ အမြတ်ငွေ၊ ဘယ်လောက်ဖယ်ထားရမလဲ ဘယ်လောက်မြတ်မလဲ စသဖြင့် ငွေကြေးနဲ့ ဆိုင်တဲ့ အပိုင်းတွေ ပါဝင်ပါမယ်။ 100% တော့မှန်ဦးမှာ မဟုတ်ပေမယ့် ဒါကိုအခြေခံပြီး တွက်ချက်လို့ရပါလိမ့်မယ်။

Ref: Forbes


Post a Comment

0 Comments