About Me

ကျွန်တော့်ကို စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ :)

ကျွန်တော့်ဘဝက ရိုးရှင်းပါတယ်။ ကျွန်တော့်ကို ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မွေးခဲ့တာပါ။ ပုသိမ်တက္ကသိုလ်ကနေပဲ အင်္ဂလိပ်စာအဓိကနဲ့ B.A (English) ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးတော့ ကျွန်တော်ဝါသနာပါတဲ့ ကွန်ပျူတာနဲ့ အိုင်တီနယ်ပယ်ထဲကို ဝင်ရောက်လေ့လာခဲ့ပါတယ်။

အစပိုင်းမှာ ကွန်ပျူတာ Hardware ပြင်ဆင်တဲ့အပိုင်း၊ Graphic Design နဲ့ Web Design ပိုင်း၊ Software ပိုင်းတွေ လေ့လာဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကျွန်တော့်ရဲ့ Passion ကို ရှာတွေ့ခဲ့တယ်။

Content Creation ပိုင်းပါပဲ။ အဲဒီကနေစပြီး ကျွန်တော် Digital Marketing နဲ့ Content Creation ဘက်ကို တစ်စိုက်မတ်မတ် လေ့လာခဲ့တာ ခုထိပဲဆိုပါတော့။

လောလောဆယ်မှာ ကျွန်တော်တာဝန်ယူထားတဲ့ အပိုင်းတွေကတော့

  • Head of Content Department at Revo Tech
  • Digital Marketing and Social Media Marketing Trainer
  • Digital Marketing Adviser for several companies
  • Founder of www.myanmarleaders.com and www.aungmonchan.com
  • Official Ambassador of Hootsuite : Social Media Management Platform 
စတဲ့ တာဝန်များ ရယူထားပါတယ်။

ကျွန်တော့်ကို Digital Marketing, Social Media Marketing, Content Marketing နဲ့ ပတ်သက်တဲ့ အပိုင်းများနဲ့ ပတ်သက်ပြီး ဆက်သွယ်နိုင်ပါတယ်။ yo@aungmonchan.com မှာ ကျွန်တော်ရှိပါတယ်။

အလည်လာပေးလို့ ကျေးဇူးပါ။ ကျွန်တော့် ဝဘ်ဆိုက်ကို မွှေနှောက်ကြည့်ပြီး Feedback လေးပေးသွားပါဦး။