Digital
Marketing ဆိုတာ Facebook Marketing မဟုတ်ပါဘူး.. Digital Marketing ဟာ Online
Marketing နဲ့လဲ တိုက်ရိုက်အချိုးမကျပါဘူး.. Digital Marketing ဆိုတာ Social Media
မှသည် Website မှသည် Email မှသည် Mobile ဖုန်းများမှသည် SMS မှသည် Display
Marketing မှသည် Video Marketing မှသည် Digital နဲ့ပတ်သက်သမျှ အားလုံးကို ပေါင်းစုပြီး
ခေါ်တာဖြစ်ပါတယ်။
Digital
Marketing ရဲ့ Element များက ဘာတွေများလဲ ဆိုရင်
Social
Media Marketing လို့ခေါ်တဲ့ လူသုံးများတဲ့ Social Network တွေပေါ်မှာ Marketing လုပ်ခြင်း
Search
Engine Optimization (SEO) လို့ခေါ်တဲ့ ကိုယ့် website ကို Search Engine တွေပေါ်မှာ
သဘာဝအတိုင်း နေရာမြင့်မြင့် ရအောင်လုပ်ခြင်း
Search
Engine Marketing (SEM) လို့ခေါ်တဲ့ ကိုယ့် website ကို Search Engine ပေါ်မှာ ကြော်ငြာခြင်း
Display
Marketing လို့ခေါ်တဲ့ Website များမှာ ကြော်ငြာထည့်သွင်းခြင်း
Email
Marketing လို့ခေါ်တဲ့ Email များပေးပို့ခြင်းဖြင့် ထိုးဖောက်ကြော်ငြာခြင်း
Video
Marketing လို့ခေါ်တဲ့ Video များဖြင့်ကြော်ငြာခြင်း၊ Youtube လို Video Website တွေမှာ
ကြော်ငြာခြင်း
SMS
Marketing လို့ခေါ်တဲ့ SMS များ ပေးပို့ ကြော်ငြာခြင်း
ဒါတွေဒါတွေ
အပြင် အခြား Digital နဲ့ပတ်သက်သမျှသော Wifi, Push Notification, Mobile Ads အစရှိတဲ့
နေရာတွေမှာ ကြော်ငြာခြင်းတွေအပြင်…
Influencer
Marketing လို့ခေါ်တဲ့ Influencer တွေနဲ့ ပေါင်းပြီး ကြော်ငြာခြင်း
Content
Marketing လို့ခေါ်တဲ့ Content များ ဖန်တီးကြော်ငြာခြင်း အစရှိတဲ့ နည်းဗျူဟာပေါင်းများစွာ
ပေါင်းစပ်ပါဝင်နေပါတယ်။
မြန်မာနိုင်ငံမှာ
ခေတ်အစားဆုံး Digital Marketing နည်းဗျူဟာများကို အစဉ်လိုက် ပြရမယ်ဆိုရင်
(1) Social Media Marketing
(2) Content Marketing
(3) Influencer Marketing
(4) Search Engine Marketing
(5) Search Engine Optimization
(6) Display Marketing
(7) SMS Marketing
(8) Video Marketing
(9) Email Marketing
လို့ အစဉ်လိုက်
ပြောလို့ရပါလိမ့်မယ်။
ဟုတ်ပါပြီ။
ဒီလောက်ဆို Digital Marketing ကို တီးမိခေါက်မိ လောက်ပြီထင်တယ်.. နောက်တစ်ပို့စ်မှာတော့
ဒီ Marketing ပုံစံတွေအကြောင်း တစ်ချက်ချင်း ရှင်းပြပါမယ်။
0 Comments