Hashtag ကို ဘယ်လိုသုံးမယ်


Hashtag ဆိုတာက ခုနောက်ပိုင်း ခေတ်စားလာပြီး တွင်တွင်ကျယ်ကျယ် သုံးလာကြတဲ့ နည်းလမ်းတစ်ခုပါ။ အထူးသဖြင့် Twitter နဲ့ Instagram မှာ Hashtag ကို အများဆုံး သုံးကြပါတယ်။ Facebook မှာလဲ သုံးတာတွေ့ပါတယ်။ တစ်ခုသတိထားသင့်တာကတော့ Facebook မှာ Hashtag အများကြီး ထည့်သုံးရင် engagement ကျသွားတာတော့ တွေ့ရတဲ့အတွက် သတိတော့ထားသင့်ပါတယ်။ ကဲ ဟုတ်ပြီ ဒါဆို Hashtag ဆိုတာ ဘာလဲ .. Hashtag ကို ဘယ်လိုသုံးမလဲ ဆက်ကြည့်ရအောင်..

Hashtag ဆိုတာဘာလဲ..


အလွယ်ဆုံးပြောရရင် topic တစ်ခုကို hashtag တစ်ခုပါ။ # သင်္ကေတခံပြီး ရေးထားတဲ့ keyword ဖြစ်ပါတယ်။ ဥပမာအားဖြင့် #iPhoneX ပေါ့။ အဲဒီစာသားပေါ်မှာ နှိပ်လိုက်ရင် အဲဒီ hashtag ထည့်သွင်းရေးသားထားတဲ့ အခြား content တွေရှိတဲ့ feed တစ်ခုကို ရောက်သွားမှာဖြစ်ပါတယ်။

ဟုတ်ပါပြီ.. ဒါဆို Hashtag ကို Business အတွက် ဘယ်လိုသုံးမလဲ

Tips (6) ခု ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) Hashtag ရွေးတာ ဂရုစိုက်ပါ။


ဥပမာဆိုပါစို့.. သင့်စီးပွားရေးလုပ်ငန်းက ကားတာယာတွေ ရောင်းတဲ့လုပ်ငန်းပေါ့။ တာယာအကောင်းစား ဝယ်ယူအသုံးပြုခြင်းအားဖြင့် အန္တရာယ်ကင်းရှင်းစွာနဲ့ လိုရာခရီးရောက်မယ် ဆိုတဲ့ message မျိုး ပေးမယ်ဆိုရင် #CarTyres ဆိုတဲ့ hashtag သုံးမယ့်အစား ပိုပြီး ဝေးဝေးရောက်ပြီး လူတွေပိုကြည့်ကြမယ့် hashtag မျိုး.. ဥပမာ #Safety ကို သုံးခြင်းဖြင့် ပိုကောင်းတဲ့ result ရမှာဖြစ်ပါတယ်။

(၂) တိုတိုနဲ့ ထိပါစေ။

#SocialMediaMarketingbyAungMonChan လို့ ရေးမယ့်အစား #SMMbyAMC က ပိုမကောင်းဘူးလား။ ရှိပြီးသား hashtag ကို ယူသုံးမယ်ဆိုလဲ အရမ်းရှည်တာတွေကိုရှောင်ပါ။

(၃) Live blog/tweet တွေကို ရှာပါ။

သင့်စီးပွားရေးလုပ်ငန်းနယ်ပယ်က ပွဲတွေမှာ သုံးတတ်တဲ့ Hashtag တွေရှိပါတယ်။ ဥပမာဆိုရင်  #AppleEvent ဆိုတဲ့ hashtag ဟာ Apple ပွဲတွေမှာ သုံးတတ်ပါတယ်။ အဲဒီပွဲက ကိုယ့်ရဲ့ business နဲ့ သက်ဆိုင်တယ်ဆိုရင် အဲဒီ hashtag ကို ဝင်သုံးခြင်းဖြင့် industry KOL တွေနဲ့ ချိတ်ဆက်နိုင်သလို ကိုယ့် business ကို လူများများက မြင်တွေ့ရမှာဖြစ်ပါတယ်။

(၄) ကိုယ်ပိုင် hashtag ကို သုံးပြီး ဖန်တီးပါ။

ကျွန်တော့နောက်ဆုံးအတန်းတုန်းက #SMMbyAMC ကိုသုံးပြီး ပုံတင်ပြီး Love အများဆုံးရတဲ့သူကို ဆုပေးမယ့် ပြိုင်ပွဲတစ်ခု လုပ်ခဲ့ပါတယ်။ ကိုယ့် business ကနေ အဲလိုပြိုင်ပွဲလေးတွေ၊ Live Event လေးတွေလဲ လုပ်လို့ရပါတယ်။


(၅) သူများတွေ ဆွေးနွေးနေတဲ့ ဆွေးနွေးချက်တွေထဲ ဝင်ရောလို့လဲရတယ်။

Hashtag တစ်ခုခုအောက်မှာ အကြောင်းအရာတစ်ခုကို အပြန်အလှန် ဆွေးနွေးနေတဲ့ စကားဝိုင်းမျိုး ရှိတတ်ပါတယ်။ အဲဒီမှာ ကိုယ်လဲ ဝင်ပြောခြင်းဖြင့် Influencer တွေနဲ့ တွေ့ဆုံနိုင်ခွင့်၊ ကိုယ့် competitor ရဲ့ audience နဲ့ တွေ့ဆုံနိုင်ခွင့် စတဲ့အကျိုးတွေ ရစေပါတယ်။ အတင်းဈေးဝင်ရောင်းတာမျိုးတော့ မလုပ်ပါနဲ့။ အသုံးဝင်မယ့် data/knowledge sharing လုပ်တာမျိုးနဲ့ ဝင်ပါ။

(၆) Automation

Hashtag တွေကို သုံးပြီး auto အလုပ်ခိုင်းထားတာမျိုးတွေလဲရှိပါတယ်။ အကောင်းဆုံး tool တစ်ခုကတော့ IFTTT ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အောက်ကလင့်ခ်က ပို့စ်မှာဆိုရင် #SaveRakhine ကိုသုံးပြီး Facebook ကနေ Twitter ကို Auto Post တင်နည်းကို တင်ပေးထားပါတယ်။

>> http://bit.ly/2zcTgbI

ဒါမျိုးတွေ အများကြီး IFTTT မှာ ရှိပါတယ်။ စမ်းကြည့်ပါ။

Hashtag ကိုသုံးပုံသုံးနည်းတွေ ပြီးပြိဆိုတော့ မသုံးပုံမသုံးနည်းလေးတွေလဲ ပြောချင်ပါသေးတယ်။

ပြဿနာတက်နေတဲ့ hashtag တစ်ခုထဲ အတင်းဝင်ပြီး promote မလုပ်ပါနဲ့။ ဥပမာ #Wheniwas ဆိုတဲ့ hashtag မှာ အမျိုးသမီးတွေအနေနဲ့ ကြုံတွေ့ခံစားခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို အပြန်အလှန်မျှဝေပြီး တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီနေကြတာ ရှိပါတယ်။ အဲဒီလို hashtag မျိုးမှာ အတင်းဝင်ပြီး ဈေးရောင်းရင် ကိုယ့် brand ရဲ့ပုံရိပ်ကို ကိုယ်ချသလို ဖြစ်ပါလိမ့်မယ်။

Hashtag တွေအများကြီး ထည့်တာမျိုး မလုပ်ပါနဲ့။

တခြား Company တွေ Brand တွေက သုံးပြီးသားမျိုးတွေကိုလဲ နည်းနည်းရှောင်ပါ။ ကိုယ်က ကိုယ့် brand ကို သူများကို ခုပြီး အတင်း promote လုပ်သလိုဖြစ်မှာစိုးလို့။


အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းဆောင်းပါးတွေကို #SMMbyAMC မှာ ရေးမလားလို့။ Save ပေးထားကြနော်။

Ref: Infographic by Social Media Today
www.aungmonchan.com

Post a Comment

0 Comments