Facebook
Page ရဲ့ Profile Picture နဲ့ Cover Photo တို့ဟာ ကိုယ့်လုပ်ငန်းရဲ့ Branding ကို တိုးတက်စေဖို့
အသုံးချနိုင်တဲ့ အကောင်းဆုံးနေရာတွေဖြစ်ပါတယ်။ ဒါကြောင့် Page ဖွင့်ပြီးပြီဆိုတာနဲ့
လုပ်သင့်တဲ့အလုပ်ကတော့ Profile Picture ကောင်းကောင်းနဲ့ Cover Photo ကောင်းကောင်း တင်ထားဖို့ပါပဲ။
Profile
Picture
Dimension:
1:1
Size:
200 x 200 px Recommended
Profile
Picture ဟာ စတုရန်းပုံစံ ပုံကို သုံးမှ အဆင်ပြေပြေပေါ်မှာဖြစ်ပါတယ်။ Profile
Picture မှာ သုံးဖို့ အကောင်းဆုံးပုံကတော့ ကုမ္ပဏီရဲ့ လိုဂို branding ပဲဖြစ်ပါတယ်။
Cover
Photo
Size:
851 x 315 px
Size on
Mobile: 640 x 360 px
Cover
photo ကတော့ ထောင့်မှန်စတုဂံပုံဖြစ်ပြီး အရွယ်အစားအနေနဲ့ 851 x 315 px ရှိရမှာဖြစ်ပါတယ်။
တစ်ခုသတိထားရမှာက Cover photo ကို Mobile Friendly ဖြစ်အောင် ဂရုစိုက်ပြီး လုပ်ထားသင့်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ Cover photo ရဲ့ ဘေးဘောင်နှစ်ဖက်နားကို အရမ်းကပ်ပြီး စာတွေ၊
ဒီဇိုင်းတွေ မထည့်ထားသင့်ပါဘူး။ Cover photo ရဲ့ အလည်တည့်တည့်မှ တိုင်းရင် 615 px အတွင်းမှာပဲ
စာနဲ့ ဒီဇိုင်းထည့်တာ အကောင်းဆုံးပါ။ ဒါမှ ဖုန်းနဲ့ကြည့်တဲ့အခါ အဆင်ပြေပြေပေါ်မှာဖြစ်ပါတယ်။
Profile
Pic နဲ့ Cover Photo တင်ဖို့အတွက် Page ကို Computer နဲ့ ဖွင့်ပြီး Mouse တင်လိုက်ရင်
အောက်ဘက်နားမှာ ပေါ်နေတဲ့ ကင်မရာပုံ ခလုတ်လေးကို နှိပ်ပြီး ပြောင်းလဲနိုင်ပါတယ်။
0 Comments