2017 အတွက်သိထားသင့်တဲ့ Social Media Stats (7) ချက်


2017 ရဲ့ပထမဆုံးလ ကုန်ပါတော့မယ်.. ဒီနှစ်အတွင်းမှာ စီးပွားရေးလုပ်ငန်းတွေဟာ Digital ကို ပိုပြီး အာရုံစိုက်လာရမယ့် နှစ်ဖြစ်ပါတယ်.. ဒါကြောင့် Social Media နဲ့ ပတ်သက်တဲ့ 2017 မှာ သိထားသင့်တဲ့ Data Stats (7) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကမ္ဘာတစ်ဝှမ်းလုံး အင်တာနက်အသုံးပြုသူ အမျိုးသား အားလုံးရဲ့ 75% နဲ့ အမျိုးသမီးအားလုံးရဲ့ 83% ဟာ Facebook ပေါ်မှာ ရှိနေပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ မြန်မာနိုင်ငံ Facebook user တွေမှာတော့ အမျိုးသားက အမျိုးသမီးထက် ပိုများနေခြင်းပါ။ အမျိုးသား 64% ရှိပြီး အမျိုးသမီးကတော့ 36% sရှိပါတယ်။

(၂) Instagram ပေါ်မှာ ရှိနေကြတဲ့ အင်တာနက်အသုံးပြုသူအချိုးအစားကတော့ Facebook နဲ့ နဲနဲ ကွဲပါတယ်။ အင်တာနက် user အမျိုးသမီးအားလုံးရဲ့ 38% instagram ပေါ်မှာရှိနေပြီး အမျိုးသားအားလုံးရဲ့ 26% ကပဲ instagram သုံးတဲ့အတွက် instagram ဟာ အမျိုးသမီးတွေ ပိုအသုံးပြုတဲ့ social network ဖြစ်နေပါတယ်။ နောက်တစ်ခုထူးခြားတာကတော့ Instagram အသုံးပြုသူအများစုဟာ အသက် 18 မှ 29 နှစ်ကြား ဖြစ်နေတာပါပဲ။

(၃) ကမ္ဘာ့လူဦးရေရဲ့ 22% ဟာ Facebook သုံးနေပါတယ်။ သန်းထောင့်ခြောက်ရာကျော်ပေါ့။ မြန်မာနိုင်ငံရဲ့ Facebook user ဦးရေကတော့ 2017 January လထဲမှာ 14 သန်း ကျော်သွားပါပြီ။ မြန်မာနိုင်ငံလူဦးရေကို 52 သန်းလို့ သတ်မှတ်မယ်ဆိုရင် လူဦးရေရဲ့ ၅ ပုံ ၁ ပုံကျော်ကျော် လောက် ရှိနေပြီဖြစ်ပါတယ်။

(၄) 2016 ခုနှစ် စစ်တမ်းအရ 76% သော Facebook users တွေဟာ နေ့စဉ် Facebook သုံးကြပါသတဲ့။ သန်းထောင့်ခြောက်ရာကျော် ရှိတဲ့ user တွေရဲ့ 76% က နေ့တိုင်းသုံးတယ်ဆိုတော့ နည်းနည်းနောနော traffic လား။

(၅) Social Media ပေါ်မှာ ကုန်သွားတဲ့ အချိန်တွေရဲ့ 80% ဟာ မိုဘိုင်းဖုန်းတွေကတဆင့် ဖြစ်ပါသတဲ့။ တစ်နည်းအားဖြင့်ပြောရရင် မိုဘိုင်းမှတဆင့် Social Media အသုံးပြုမှုဟာ 80% အထိ ရှိတယ်လို့ ဆိုလိုတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မိုဘိုင်းမှတဆင့် သုံးတဲ့နှုန်းက 99.5% ထိ ရှိပါတယ်။

(၆) LinkedIn အသုံးပြုသူ သန်း 450 ထိ ရှိပါတယ်။ မြန်မာနိုင်ငံမှာ LinkedIn သုံးနေသူ 3 သိန်း နီးပါးရှိနေပြီ ဖြစ်ပါတယ်။ LinkedIn ပေါ်မှာတင်တဲ့ post တွေမှာ ပုံပါဝင်တဲ့ post တွေက Comment ရရှိမှု 98% ပိုများပြီး Link ပါဝင်တဲ့ post တွေကတော့ Engagement Rate 200% ပိုများပါတယ်။

(၇) Facebook ပေါ်မှာတင်ထားတဲ့ video များကို ကြည့်ရှုမှုဟာ နေ့စဉ် နာရီပေါင်း သန်း ၁၀၀ အထိ ရှိပါတယ်။ Video တစ်ခုရဲ့ Newsfeed ပေါ်မှာ Reach ရောက်ရှိမှုဟာ ဓာတ်ပုံ ထက် (၂) ဆပိုများပြီး Link တွေနဲ့ နှိုင်းယှဉ်ရင်တော့ (၄) ဆအထိ ပိုများတာကိုတွေ့ရပါတယ်။


ဒါလေးတွေကတော့ Social Media နဲ့ပတ်သက်ပြီး သတိထားရမယ့် Stats လေးတွေပါ။ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

Post a Comment

0 Comments