(၁)
Consistent ဖြစ်ပါစေ..
တစ်ပတ်ကို
ပို့စ် (၄) ခု (၅) ခုလောက် တင်ခြင်းဖြင့် လူတွေမကြာခဏလာဖတ်ကြပြီး Engage လုပ်ဖို့ တွန်းအားပေးပါတယ်..
(၂) ပို့စ်တင်တဲ့အချိန်ကို
သတိပြုပါ..
ကိုယ့်
page ရဲ့ insight ထဲကို သွားကြည့်ပြီး ဘယ်ချိန်ဟာ engage အဖြစ်ဆုံးလဲဆိုတာ တွက်ချက်ပြီးမှ
ပို့စ်တင်သင့်ပါတယ်..
(၃) ဓာတ်ပုံ
နှင့် ဗွီဒီယို ထည့်သွင်းပါ
ပုံနဲ့ ဗွီဒီယို
ပါဝင်တဲ့ ပို့စ်တွေဟာ မပါတဲ့ ပို့စ်တွေထက် engagement ပိုရပါတယ်။ Gif Animation လိုမျိုးတွေ
ပါဝင်ရင်လဲ ကောင်းပါတယ်..
(၄) တိုတိုနဲ့
လိုရင်းရောက်ပါစေ..
စာလုံးရေ
100 – 150 ကြား ပို့စ်တွေဟာ ရှည်တဲ့ပို့စ်တွေထက် 60% ပိုပြီး engagement rate ပိုများပါတယ်။
(၅) ကိုက်ညီမှုရှိပါစေ..
သင့်ရဲ့
audience လိုချင်တဲ့အချက် စိတ်ဝင်စားလောက်တဲ့ ဆောင်းပါးမျိုးတွေ တင်ပေးရင် သေချာပါတယ်..
Engagement များများ ရမှာပါ..
(၆) ကိုယ်ပိုင်ဟန်
ကိုယ်ပိုင်အသံလေး သုံးပေးပါ..
စာရေးတဲ့အခါ
ကိုယ်ပိုင်ဟန်လေး သုံးပြီး ရေးရင် ဖတ်တဲ့သူတွေက တကယ့်လူအစစ်လို့ ထင်ပြီး
Conversation Create လုပ်သလိုဖြစ်စေပါတယ်..
(၇) Call
to Action ထည့်ပါ..
ပို့စ်တစ်ခု
ဖန်တီးပြီးတဲ့အခါ ဖတ်တဲ့သူကို Like, Comment, Share လုပ်ဖို့ တိုက်တွန်းလိုက်ခြင်းဖြင့်
CTA ထည့်လို့ရပါတယ်..
(၈) Apps
တွေ အသုံးပြုလို့ရပါတယ်..
Poll, လုပ်တာမျိုး
Survey လုပ်တာမျိုးတွေမှာ Apps တွေ သုံးခြင်းဖြင့် Engagement တွေ တိုးတက်စေပါတယ်
(၉) တစ်ခါတစ်လေ
အမြန်ဖတ်လို့ရတဲ့ Tips မျိုးလေးတွေ တင်ပါ..
သိတဲ့အတိုင်းပဲ
လူတွေက အမြဲ အလျင်လိုနေကြတာဆိုတော့ အကြာကြီးဖတ်ဖို့ အချိန်မရကြဘူး.. အမြန်ဖတ်လို့ရတဲ့
Quick Tip လေး Trick လေးတွေ တင်ပေးလို့ရပါတယ်..
(၁၀) တန်ဖိုးရှိတဲ့
Content လေးတွေလုပ်ပါ
Audience
အတွက် တန်ဖိုးရှိမယ့် သူတို့ပြန်လည်မျှဝေချင်မယ့် Content မျိုးတွေ ဖန်တီးပေးခြင်းဖြင့်
Engagement အများကြီးရမှာပါ
(၁၁) ဖျော်ဖြေရေးလေးတွေလဲ
ထည့်သွင်းပေးနိုင်ပါတယ်
Audience
တွေ ကြည့်ပြီး ပြုံးမိမယ့် Content မျိုးလေးတွေလဲ ထည့်သွင်းပေးခြင်းဖြင့် Engage လုပ်နိုင်ပါတယ်..
(၁၂) တစ်ခုခု
သင်ပေးတဲ့ Content မျိုးတွေလဲ လုပ်သင့်ပါတယ်
Audience
တွေဟာ သင်ယူရတာကြိုက်ပါတယ်.. ကိုယ့်ရဲ့ audience နဲ့ကိုက်ညီမယ့် တစ်ခုခု သင်ကြားပေးတဲ့
Content မျိုးတွေကို ဖန်တီးယူပါ
(၁၃)
List ပုံစံလေးတွေဖန်တီးပါ
အခု ကျွန်တော်ရေးနေတဲ့
Content ပုံစံမျိုးတွေ ဖန်တီးတာမျိုးပေါ့..
(၁၄)
Trending နဲ့ အချိန်အခါ ကိုက်ညီမှု ရှိပါစေ
လတ်တလောဟော့နေတဲ့သတင်းမျိုး၊
လအလိုက် နှစ်အလိုက် ထူးခြားတဲ့နေ့ရက်၊ ရာသီဥတုအပြောင်းအလဲ စသဖြင့် ထည့်သွင်းဖန်တီးတာမျိုးလဲ
လုပ်သင့်ပါတယ်..
0 Comments