[Zawgyi]
ဒီနေ့တော့
Page
When
Days – Page
Times –
ဥပမာ ဒီပုံမှာဆိုရင်
ဒီ အချက်တွေကို
[Unicode]
ဒီနေ့တော့ Page Insights ထဲက အသုံးအဝင်ဆုံး Tab တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Posts Tab အကြောင်း ပြောချင်ပါတယ်။ တစ်ခုသတိထားရမှာက ကျွန်တော်က Web Version UI ကို အခြေခံပြီးပြောသွားမှာ ဖြစ်တဲ့အတွက် ဖုန်းနဲ့သုံးတဲ့အခါ တစ်ချို့ခလုတ်တွေ မြင်ချင်မှမြင်ရမှာပါ။
Page > Insights > Posts ကိုသွားလိုက်ရင် (၂) ပိုင်းတွေ့ရမှာဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း မြင်နေရတာကတော့ Posts Tab ရဲ့ အပေါ်ပိုင်းပဲဖြစ်ပါတယ်။ ဒီမှာလဲ နောက်ထပ် အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။ ပထမဆုံး စစချင်းမြင်နေရတာတဲ့အပိုင်းကတော့ When Your Fans Are Online ဆိုတဲ့ နေရာပဲ ဖြစ်ပါတယ်။
When Your Fans Are Online ရဲ့ အောက်မှာ မြင်နေရတာက Days ရယ် Times ရယ်ဖြစ်ပါတယ်။ ဒါက ဘာကိုပြသလဲဆိုရင်
Days – Page ကို Like လုပ်ထားတဲ့ Fan တွေရဲ့ နေ့ရက်အလိုက် Online တက်တဲ့ ပမာဏကို ပြပေးနေတာဖြစ်ပါတယ်။
Times – Page ကို Like ထားသူများရဲ့ အချိန်အလိုက် Online တက်တဲ့ ပမာဏကို ပြပေးနေတာဖြစ်ပါတယ်။
ဥပမာ ဒီပုံမှာဆိုရင် နေ့အလိုက် Online တက်တဲ့ပမာဏကို အပေါ်ပိုင်းမှာ ပြပေးနေပြီး သိသိသာသာကွာခြားမှု မရှိတာကို တွေ့ရပါတယ်။ အောက်ပိုင်းမှာတော့ တစ်နေ့တာ Online တက်တဲ့အချိန်တွေကို ပြနေတာဖြစ်ပြီး အမြင့်ဆုံး အချိန်တွေဟာ လူအများဆုံး Online မှာ ရှိနေတဲ့ အချိန်တွေကို ပြနေတာဖြစ်ပါတယ်။ ဒီပုံအရဆိုရင် အမြင့်ဆုံးအချိန်ဟာ ည ၈ နာရီပေါ့။
ဒီ အချက်တွေကို ကြည့်ခြင်းဖြင့် Post တင်ဖို့အတွက် အကောင်းဆုံးနေ့ရက်နဲ့ အချိန်တွေကို ရွေးချယ်နိုင်ပြီပေါ့..
0 Comments