SEO တစ်ခုအောင်မြင်စေဖို့ အခြေခံကျသော နည်းလမ်းများ


 

အရင်တစ်ပတ်တုန်းက Digital Marketer တွေအတွက် SEO အောင်မြင်စေမယ့် နည်းလမ်းများဆိုပြီး ရေးခဲ့ပြီးပါပြီ၊အခု ရေးမယ့်အကြောင်းကတော့ SEO အောင်မြင်စေဖို့အတွက် အဓိက ကျတဲ့အချက်တွေက ဘာတွေလဲဆိုတာပဲ ဖြစ်ပါတယ်၊ အရင်အပတ်က ရေးခဲ့တဲ့ Digital Marketer တွေအတွက် SEO အောင်မြင်စေမယ့် နည်းလမ်းများ ဆိုတဲ့ Post ကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ သွားရောက်ဖတ်နိုင်ပါတယ်၊ ကဲ အောက်မှာကြည့်လိုက်ရအောင်၊ SEO အောင်မြင်ဖို့ အဓိက ကျတာဘာတွေဖြစ်မလဲဆိုတာ !


1 . PageRank

SEO ကို တစ်ကယ်ကျွမ်းကျင်တဲ့ Professional တွေဟာ  Google Page Rank ကို အရမ်းဂရုစိုက်ကြပါတယ်၊တစ်ချို့ Marketer တွေကတော့ Google Page Rank ကို အရေးမကြီးပါဘူးဆိုပြီး အလေးမထားဘဲနေလေ့ရှိပါတယ်၊တစ်ကယ်တော့ Google Page Rank က အရမ်းအရေးကြီးပါတယ်၊ ဒီတော့ Google Page Rank ကောင်းအောင်ပြုလုပ်တာဟာ သင့် Website ကို SEO အောင်မြင်စေမှာပဲဖြစ်ပါတယ်၊                             

2 . Domain Age Before Beauty

Domain တစ်ခုရဲ့ သက်တမ်းကလဲ SEO အောင်မြင်စေတဲ့အချက်တွေထဲမှာ ပါတယ်ဆိုရင် ယုံကြမလား? ယုံလိုက်ပါ၊ တစ်ချို့ သက်တမ်းရင့်တဲ့ Domain တွေမှာ history တွေရှိပါတယ်၊သူတို့ထဲက content တွေကလဲ search engine ရဲ့ ranking မှာကောင်းကောင်း နေရာရထားပြီးသားလဲ ဖြစ်နေနိုင်ပါတယ်၊ ဥပမာပြောရမယ်ဆိုရင် > www.yoyarlay.com ဆိုရင် Domain သက်တမ်း ၅ နှစ်ကျော်လောက်ရှိပါပြီ၊ဒီတော့ Domain သက်တမ်းနည်းသေးတဲ့ အခြား Website တစ်ခုနဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ YoyarLay က Ranking ပိုကောင်းပါတယ်၊ဒါကြောင့်မို့ Website တွေကို Domain ခန ခန ပြောင်းတာမျိုး ရှောင်ကြဉ်သင့်ပါတယ်၊
 
3 . Be Patient

ကျနော်တို့ တတ်နိုင်သမျှ၊ လုပ်နိုင်သမျှ SEO ကောင်းအောင် လုပ်ခဲ့ပြီးပြီ ဆိုပါစို့၊ ဒါပေမယ့် ကိုယ်လိုချင်တဲ့ target keyword မှာ ကိုယ့် site ကလဲတက်မလာသေးဘူးဆိုရင်  စိတ်ရှည်ပါ၊ အချိန်ယူပါ၊ site rank တက်လာဖို့ အချိန်လိုပါတယ်၊ search engine ကလာကြည့်ဖို့အချိန်လိုပါတယ်၊ index စီဖို့အချိန်လိုပါတယ်၊ ဒီတော့ စိတ်ရှည်ဖို့လိုအပ်ပါတယ်၊

 4 . Keyword Name 

ကိုယ်လုပ်ထားတဲ့ keyword က အရမ်းအပြိုင်အဆိုင်များတဲ့ keyword ဖြစ်နေတတ်တာမျိုးဆိုရင် ဘယ်လိုလုပ်မလဲ?  Keyword ကတူနေတော့ အရှေ့ကလူတွေကို ကျော်ဖို့ မလွယ်ဘူးဖြစ်နေတတ်ပါတယ်၊ ဒီလိုအခြေအနေတွေမှာဆိုရင် နောက်ထပ် keyword တစ်ခုကို စဉ်းစားကြည့်ပါ။

5 . Use SEO Tool


ကျနော်သုံးတဲ့ Tool တွေထဲမှာတော့ Google Webmaster Tools ကိုအကြိုက်ဆုံးပါပဲ၊
Google Webmaster Tools က site တွေကို သူတို့ google crawler တွေဘယ်လို crawl လုပ်ထားလဲ ဆိုတဲ့ statistics ကိုပြပါတယ်။ အရမ်းကို ကောင်းတဲ့ tool တစ်ခုပါ။အသုံးပြုချင်တယ်ဆိုရင်တော့ ဒီနေရာမှာ  သွားရောက်အသုံးပြုနိုင်ပါတယ်၊Gmail နဲ့ Login ၀င်ပြီးသုံးရုံပါပဲ၊မခက်ပါဘူး၊ နောက်အပတ်ကြမှ Webmaster သုံးနည်းကို အသေးစိတ်ရေးပေးပါ့မယ်၊

Post a Comment

0 Comments