Social Media ပေါ်မှာ ဟိုကုမ္ဗဏီက ကံစမ်းမဲဖောက်ပေးမှာမို့ ဒီကုမ္ဗဏီရဲ့ မြန်မာပြည်ရုံးခွဲ ဖွင့်မှာမို့ ဟိုကုမ္ဗဏီက အလုပ်ခေါ်နေပြီမို့ ဘာညာ စသဖြင့် လိမ်ပြီး ပို့စ်ကို ရှယ်ခိုင်း လိုက်ခ်လုပ်ခိုင်းတာတွေ တွေ့နေရပါတယ်။
ဒါဟာ အသစ်တော့ မဟုတ်ပါဘူး.. ဟိုးအရင်တုန်းကတည်းက ဒီနည်းလမ်းတွေ ရှိခဲ့တယ်.. အဓိက ရည်ရွယ်ချက်ကတော့ Page Like တွေ များလာရင် တခြားနာမည်တစ်ခုခုပြောင်းပြီး ပြန်ရောင်းဖို့ ဖြစ်နိုင်သလို တစ်ခုခုကို promote လုပ်ဖို့လဲ ဖြစ်နိုင်တယ်..
ဒီလို page တွေဟာ Scam တွေဖြစ်တဲ့အတွက် Like တွေ Share တွေ မလုပ်ကြမှ ဖြစ်မယ်.. ကိုယ့် Like & Share တစ်ချက်က တခြား ကိုယ့်လိုပဲ မသိတဲ့သူတွေဆီ ထပ်ပြန့်သွားဖို့ အခွင့်အရေး ဖြစ်နေလို့ပါပဲ.. ဒါဆို Page အတုအစစ် ဘယ်လိုခွဲမလဲ..
ဒီလို Scam page တွေဟာ လူတွေ ယုံကြည်လောက်စေတဲ့ ကုမ္ဗဏီနာမည်တွေ သုံးတတ်လေ့ရှိတယ်.. မိုဘိုင်းအော်ပရေတာနုာမည်တွေ ဖုန်းကုမ္ဗဏီနာမည်တွေ အများဆုံးသုံးတတ်လေ့ရှိတယ်.. ဒါမှလဲ လူတွေက ယုံပြီး ရှယ်ကြမှာကိုး..
ဆိုတော့ ဒီလို page တွေကို ဘယ်လိုခွဲမလဲဆိုရင်
- လိုဂိုနဲ့ ကာဗာတွေ တူနေရုံ၊ ပို့စ်တွေ တူနေရုံနဲ့ page အစစ်မဟုတ်ပါဘူး.. Page ကို သွားကြည့်ပါ.. ကုမ္ဗဏီကြီးတွေရဲ့ Page တော်တော်များများမှာ Verified လို့ခေါ်တဲ့ အပြာရောင် အမှန်ခြစ်လေး ပါပါတယ်.. အဲဒါ ပါမှ အစစ်ပါ..
- ကုမ္ဗဏီကြီး page တွေဟာ အနည်းဆုံးတော့ Like သိန်းဂဏန်း ရှိနေပြီးသားပါ.. အော်ပရေတာသုံးခုရဲ့ Page တွေဆို လိုက်ခ် ၆ သန်း ၇ သန်းတွေပါ.. ခုမှ like ထောင်ဂဏန်းနဲ့ page တွေဟာ အစစ်မဟုတ်ပါဘူး..
- ဘယ်လောက်ပဲ ဆုတွေပေးမယ်ပြောပြော ဖုန်းအလုံးရေ ၁၀၀ ပေးမယ်တို့ ဘာတို့ကတော့ များပါတယ်.. သူတို့ ကုမ္ဗဏီတွေရဲ့ တစ်နှစ်လုံး ဘတ်ဂျက်တောင် ဖုန်းအလုံး ၁၀၀ ဝယ်ချင်မှ ဝယ်နိုင်မှာပါ.. ဒါကြောင့် အဲလောက် ပေးနေရင်တော့ မယုံပါနဲ့
Facebook ပေါ်က အရာအားလုံး အမှန်လို့မထင်ပါနဲ့ .. အလိမ်အညာ အများကြီး ရှိပါတယ်.. ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အင်တာနက်အသက်နုခြင်းကို ခုတုံးလုပ်ပြီး အမြတ်ထုတ်ချင်တဲ့သူတွေ ရှိပါတယ်.. ဒါ အခုမှ Facebook page ကို Like တက်အောင် လုပ်တဲ့ နည်းလမ်းပဲ ရှိပါသေးတယ်.. မကြာခင် ကျွန်တော်တို့တွေ Credit Card တွေနဲ့ Online Payment တွေ လုပ်နိုင်ကြတော့မယ်.. အဲဒီကျရင် အခုလို အတုတွေ အများကြီး ပေါ်လာဦးမှာပါ.. အဲဒီကျမှ တစ်သက်လုံး စုထားတဲ့ ပိုက်ဆံတွေ အကုန် ကုန်ပါလိမ့်မယ်.. ဒါကြောင့် အယုံမလွယ်ပါနဲ့လို့ ပြောပါရစေ..
---
လွတ်လပ်စွာ ပြန်လည်မျှဝေပြီး အားလုံးကို ဖြန့်ဝေပေးပါ..
#AungMonChan
0 Comments