Video Content တွေ လုပ်ချင်ပြီး ဘာလုပ်ရမှန်းမသိဘူးဆိုရင်




စဉ်းစားမိသမျှ (၉) ခုထွက်လာသဗျ.. တစ်ခုမဟုတ်တစ်ခုတော့ အသုံးတည့်မှာပါ..

(၁) Review Video တွေလုပ်ဗျာ..
ကိုယ့်ပစ္စည်းကို ကိုယ် Review ပြန်လုပ်ပစ်ဗျာ.. ဒီမှာ သတိထားရမှာက စွတ်ဆက်ပြီး ဇွတ်ကြီးကောင်းတယ် ပြောနေစရာမလိုပါဘူး..

ပထမဆုံး - Customer တွေကြုံနေရတဲ့ ပြဿနာတစ်ခုကို ချပြ
နောက် - အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံး ကြိုးစားထားတဲ့အကြောင်း ပြောပြ
ပြီးမှ - ဒီ ပစ္စည်းက အဲဒီပြဿနာကို ဖြေရှင်းနိုင်ရုံတင်မက အခြားဟာတွေကိုပါ ထိထိရောက်ရောက် လုပ်နိုင်ကြောင်းပြောဗျာ..

(၂) BTS
Behind the Scene ဗျ.. အဲဒါ တော်တော်မိုက်တယ်.. လူတွေက နောက်ကွယ်က အဖြစ်အပျက်တွေကို သိချင်ကြတယ်.. BTS လေးတွေကို တကယ့် actual video မတင်ခင် တင်ပေးရင် စိတ်ဝင်စားမှုကို ပိုမြှင့်လို့ရသပေါ့

(၃) ဘယ်လိုလုပ်တုန်း
ဒီ product တစ်ခုကို ဘယ်လိုထုတ်ခဲ့သလဲ? စပြီးကုန်ကြမ်းရှာတာကနေ ထုတ်ပိုးတဲ့အဆင့်ထိ? ကြားထဲကအလွဲလေးတွေ ဟာသလေးတွေ? ဘယ်လောက်ကြိုးစားခဲ့ရလဲ?

(၄) Slideshows
ဗွီဒီယိုကြီးမရိုက်နိုင်ဘူးဆိုရင် ရှိတဲ့ပုံလေးတွေကို slideshow လေးနဲ့လဲ လုပ်လို့ရသဗျာ.. Fb ကနေလုပ်ပေးထားတဲ့ slideshow creation feature နဲ့တောင်ရတယ်။

(၅) ဝန်ထမ်းတွေကိုမိတ်ဆက်ပေးခြင်း
ကိုယ့်လုပ်ငန်းက ကိုယ့်ဝန်ထမ်းတွေကို မိတ်ဆက်တဲ့ဗွီဒီယိုလေးတွေ လုပ်လို့ရတယ်.. သူတို့နာမည်၊ ဘယ်အပိုင်းတာဝန်ယူထားတယ်၊ ဒီမှာဘယ်လောက်ကြာပြီ ဘာညာပေါ့.. မိုက်မှမိုက်..

(၆) အင်တာဗျူး
အင်တာဗျူးလောက် ကောင်းတာ တကယ်တော့မရှိဘူးဗျ။ အင်တာဗျူးလုပ်ခြင်းဖြင့် အကျိုး (၂) ခု ရတယ်လို့ ကျနော်အမြဲပြောလေ့ရှိတယ်..

အကျိုး (၁) - ကိုယ်က မေးခွန်းပဲ မေးရတာ၊ အဖြေက သွသူဖြေပေးတာ
အကျိုး (၂) - မတွေ့ဖြစ်တဲ့သူ၊ အရင်ကမသိသေးသူနဲ့ တွေ့ရတော့ Network ပါ ချဲ့လို့ရတယ်

(၇) Tips Videos
သူများမသိတာတွေ ကိုယ်က သိတယ်ဆိုပါတော့.. tip video လေးတွေလုပ်ပြီး သိတာလေးတွေ ဝေမျှလို့ရတယ်.. အားလုံး စိတ်ဝင်စားမှာ အဲဒါမျိုးက

(၈) Vlog
ဆောင်းပါးတစ်ပုဒ်လုံးကို ဗွီဒီယို ပြန်ရိုက်လဲ ရတယ်.. အချိန်ပေးဖတ်ဖို့ အဆင်မပြေသူတွေ၊ ပိုပြီး visual လိုချင်သူတွေ ကြည့်ကြမှာပါ..

(၉) Tutorial Videos
ကိုယ်ကျွမ်းကျင်တာ တစ်ခုခုရှိလား၊ ကိုယ့် product က တစ်ခုခုကို ဖြေရှင်းပေးနိုင်လား၊ ဗွီဒီယိုရိုက်ပြီးသာ လုပ်ပြလိုက်ပါလေ..

ဒီထဲမပါတဲ့ အိုင်ဒီယာလေးတွေရှိလဲ ရေးပေးခဲ့ဦးနော်.. ကျော့်ဗွီဒီယိုလေးတွေ ကြည့်မယ်ဆိုရင်တော့ ဒီမှာရှိတယ်

Post a Comment

0 Comments