Acid ရဲ့ စတင်ခြင်းမဟုတ်တဲ့ ကျွန်တော့်ရဲ့ စတင်ခြင်း


ပြောရရင် ဒီ blog ကိုစလုပ်ဖို့ တွေးထားတာတော့ ကြာပြီပေါ့ဗျာ.။ လွန်ခဲ့တဲ့နှစ်များစွာကတည်းက ဆိုပါတော့.။ ဒါပေမယ့် ကျွန်တော့်မှာ လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးနေရတဲ့အတွက် ဖြစ်မလာခဲ့ပါဘူး.။ ခုတော့ ပထမခြေလှမ်းလေး စလှမ်းလိုက်နိုင်ပြီလို့ ဆိုရမလားပဲ.။

တကယ်တော့ ဒီ blog ဟာ ဘာမှ ကြီးကြီးကျယ်ကျယ်တွေလုပ်ဖို့ မဟုတ်ပါဘူး.။ ကျွန်တော်ရေးချင်တာလျှောက်ရေးမယ့် blog လို့ပဲ ဆိုပါတော့.။ ရေးချင်တာလျှောက်ရေးတယ်ဆိုပေမယ့် ပေါက်ကရတွေလို့တော့ မထင်စေချင်ပါဘူး.။ ကျွန်တော်အလုပ်လုပ်နေရတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ၊ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ၊ မျှဝေချင်တာလေးတွေကို စာစီပြီး ပြန်လည်တင်ပြသွားမှာပါ.။

တစ်ခါတစ်ရံ ကျွန်တော်ခရီးသွားလာဖြစ်တဲ့အခါ ရိုက်ဖြစ်တဲ့ဓာတ်ပုံလေးတွေနဲ့ အတွေ့အကြုံလေးတွေ တင်တဲ့အခါ မျက်စိတော့မနောက်ကြပါနဲ့.။ တစ်ခါတစ်လေ လုပ်ချင်ရာလုပ်တာလေးကို ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်ထားချင်ပါတယ်.။

ကဲ Acid ရဲ့ စတင်ခြင်းတော့ မဟုတ်ဘူးပေါ့.။ ကျွန်တော် အောင်မွန်ချမ်းရဲ့ အသက် (၂၆) နှစ်မှာ စတင်တည်ထောင်ဖြစ်တဲ့ blog လေး ဘယ်လောက်ထိသက်တမ်းရှည်ကြာမလဲဆိုတာ စောင့်ကြည့်ကြရအောင်ဗျာ.။

Post a Comment

0 Comments