Facebook
က Publisher အားလုံးအတွက် Instant Article ကိုဖွင့်ပေးလိုက်ပါပြီ။ အောက်ဆုံးမှာပေးထားတဲ့
Link မှာ သွားလျှောက်လို့ရပါတယ်။ Link ကို သွားလိုက်ပြီဆိုရင် Sign Up လုပ်ခိုင်းပါလိမ့်မယ်။
ကိုယ် Admin Role ရယူထားတဲ့ Page တွေတိုင်းအတွက် လျှောက်လို့ရပါတယ်။ ကျွန်တော်လျှောက်ကြည့်ပြီးပါပြီ။
ကျွန်တော့်အတွေ့အကြုံအရ ပြောရရင်
ကောင်းကွက်များ
- ကိုယ့်ရဲ့စာတွေကို
ဖတ်တဲ့သူပိုများလာမှာဖြစ်ပြီး reach လဲပိုများပါလိမ့်မယ်။
- Facebook
Audience Network မှတဆင့် ပိုက်ဆံရှာလို့ရပါလိမ့်မယ်။
- တစ်ပို့စ်ခြင်းစီ
ပြန်တင်နေစရာမလိုဘဲ RSS Feed ကတဆင့် တင်တာဖြစ်တဲ့အတွက် အလုပ်ရှုပ်သက်သာမှာဖြစ်သလို ချက်ချင်းလဲ
တက်ပါလိမ့်မယ်။ အထူးသဖြင့် သတင်းစာ၊ ဂျာနယ်ပေ့ခ်ျတွေနဲ့ ရိုးရာလေးလို Content Page
တွေအတွက် အဆင်ပြေပါလိမ့်မယ်။
ဆိုးကွက်များ
- အကြီးမားဆုံးအခက်အခဲကတော့
Design ပိုင်းရွေးရာမှာ အင်္ဂလိပ် font တွေပဲ တွေ့တဲ့အတွက် အင်္ဂလိပ်ဘာသာအတွက်ပဲ အဆင်ပြေသလိုဖြစ်နေပါလိမ့်မယ်။
ကျွန်တော်တို့တွေ သုံးနေတဲ့ Zawgyi ကို မြင်ရနိုင်ချေမရှိပါဘူး။
- Instant
Article လျှောက်လွှာတွေကို Review လုပ်မယ့် Team သပ်သပ်ရှိပါတယ်။ ကျွန်တော်တို့ Submit
လုပ်ရင် သူတို့က Review လုပ်ပြီး ချပေးမှာပါ။ ဒါပေမယ့် Article အခု (၅၀) ပြည့်မှ
Submit လုပ်လို့ရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ဆိုရင် ဆောင်းပါး (၅၀) ပြည့်အောင်
အားချင်းတင် ရပါတော့မယ်။
လောလောဆယ်
အတွေ့အကြုံအရ ဒီလောက်ပဲပြောနိုင်ပါသေးတယ်။ ထပ်စမ်းကြည့်ပြီး ထူးခြားတာတွေ့ရင် ပြန်ဖြည့်ရေးပေးပါမယ်။
လျှောက်ချင်တယ်ဆိုရင်တော့ https://instantarticles.fb.com ဒီ လင့်ခ်မှာပါ။
အောင်မွန်ချမ်း
0 Comments