Facebook Tip #2 : Page Description ဘယ်လိုရေးမလဲ


Facebook Page တစ်ခုမှာ Description (၂) ခု ပါဝင်ပါတယ်။ Short Description နဲ့ Long Description ပါ။

Short Description ကတော့ ကိုယ့် Page အကြောင်းကို အတိုဆုံး အထိရောက်ဆုံး နဲ့ ရေးသားဖို့ဖြစ်ပါတယ်။ စာလုံးရေ (၁၅၅) လုံး ရေးသားနိုင်ပါတယ်။

Long Description ကတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ရေးသားဖို့ဖြစ်ပါတယ်။ စာလုံးရေ အလုံး (၁၀၀၀၀) ထိ ရေးသားနိုင်ပါတယ်။

Description ရေးသားတဲ့နေရာမှာ

Page အကြောင်းကို အတတ်နိုင်ဆုံး ပေါ်လွင်အောင်ရေးသားပါ။
Keywords တွေထည့်သွင်းပါ။ ဥပမာ ဖုန်းဆိုင်တစ်ဆိုင်ရဲ့ Page ဆိုရင် “Phone, Mobile, Smartphones, Phone Sale and Service” စတဲ့ စကားလုံးတွေ ပါပါစေ။
မြင်လိုက်တာနဲ့ Page ကို ကြည့်ချင်စိတ်ပေါ်သွားစေတဲ့ စကားလုံးတွေ အသုံးပြုပါ။ အချိန်နည်းနည်းယူပြီး စဉ်းစားပါ။
Website လိပ်စာရှိရင် ထည့်သွင်းနိုင်ပါတယ်။

Facebook Tips အားလုံးကြည့်ရန်
Social Media Tips အားလုံးကြည့်ရန်

Post a Comment

0 Comments