Facebook Tip #3 : Page Info ဖြည့်စွက်ခြင်း



သင့်အနေနဲ့ သင့် Page မှာ ဖြည့်သွင်းထားတဲ့ ကုမ္ပဏီအကြောင်းတွေ ဖုန်းနံပါတ်တွေ လိပ်စာတွေကို ဘယ်သူမှ ဂရုမစိုက်ဘူးလို့ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် အဓိကကတော့ ဒါတွေဖြည့်သွင်းခြင်းဖြင့် ကုမ္ပဏီကို ယုံကြည်မှု ပိုရှိစေပြီး SEO အတွက်လဲ ကောင်းစေပါတယ်။ 

အဓိက ဂရုစိုက်ဖြည့်သွင်းရမယ့်နေရာတွေကတော့

Category: သင့်လုပ်ငန်း ကုမ္ပဏီနဲ့ တတ်နိုင်သမျှ အဖြစ်နိုင်ဆုံး အနီးစပ်ဆုံး Category ကို ရွေးချယ်ဖြည့်သွင်းပါ။

Username: သင့်လုပ်ငန်းရဲ့ Brand Name နဲ့ Username ကို တတ်နိုင်သမျှ ကိုက်ညီအောင် ထည့်သွင်းပါ။

Address, Hours and Location: သင့်လုပ်ငန်းလိပ်စာ၊ ဖုန်းနံပါတ်၊ တည်နေရာ၊ ရုံးဖွင့်ချိန် တို့ကို ထည့်သွင်းပေးထားခြင်းခြင့် အမှန်တကယ်လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီမှန်း သိရှိစေပါတယ်။

Short Description and Long Description: ဒီ Description တွေ ထည့်သွင်းပေးထားခြင်းဖြင့် သင့်ကုမ္ပဏီဟာ ဘာလုပ်ငန်းလုပ်ကိုင်နေသလဲ၊ ကုမ္ပဏီရဲ့ သမိုင်းကြောင်း၊ သွားမယ့်လုပ်ငန်းစဉ် စသည်တို့ကို အများပြည်သူ သိရှိစေနိုင်ပါတယ်။

Website URL: သင့်ကုမ္ပဏီမှာ Website ရှိတယ်ဆိုရင် ထည့်သွင်းပေးပါ။ Website ရှိခြင်းဖြင့် ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီတစ်ခု ပုံစံပေါက်စေပါတယ်။



Tip: ဖြစ်နိုင်မယ်ဆိုရင် website လိပ်စာ URL တွေကို ထည့်နိုင်တဲ့ နေရာများမှာ ထည့်သွင်းပေးထားနိုင်ပါတယ်။ Long Description, Short Description, Product Lists စတဲ့ နေရာတွေမှာပါ။ နောက်တစ်ချက်ကတော့ တကယ်လို့ ရှည်ရှည်ဝေးဝေးတွေ ဖြည့်မနေချင်ဘူးဆိုရင်တောင် အခြေခံအချက်တွေဖြစ်တဲ့ Short Description, လိပ်စာ, ဖုန်းနံပါတ်, တည်နေရာ စတာတွေကိုတော့ ထည့်ပေးထားသင့်ပါတယ်။






Post a Comment

0 Comments