Facebook မှ Facebook Marketplace ကိုကြေညာပါတယ်


Facebook ဟာ မနေ့က Facebook Marketplace လို့ အမည်ရတဲ့ Feature အသစ်တစ်ခုကို ကြေညာလိုက်တဲ့အတွက် အရောင်းအဝယ်ဈေးကွက်ကို အပိုင်သိမ်းချင်တဲ့ Facebook ရဲ့ ပလန်တွေ ပိုထင်ရှားလာပါပြီ။

ဒီ Marketplace မှာဆိုရင် ကိုယ့်ပစ္စည်းတွေကို တင်ရောင်းနိုင်မှာဖြစ်ပြီး ဝယ်သူတွေအနေနဲ့လဲ Location နဲ့ ကြည့်ပြီး ဝယ်နိုင်မှာဖြစ်ပါတယ်။ Fixed Price နဲ့ ရောင်းတာမျိုးမဟုတ်ဘဲ Ebay လို လေလံဆွဲတဲ့ ပုံစံမျိုး သွားမှာပါ။

လောလောဆယ်မှာ Payment စနစ်တွေ Transition တွေ မပါသေးတဲ့အတွက် Classified လို ပုံစံမျိုးပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံအတွက်ကတော့ ဒီစနစ်နဲ့ပဲ အလုပ်ဖြစ်တဲ့အတွက် တော်တော်အဆင်ပြေလာပါတယ်။

လတ်တလောမှာ US, UK, Australia နဲ့ New Zealand နိုင်ငံ လေးခုပဲ ရသေးပြီး Android နဲ့ iOS App တွေမှာပဲ သုံးလို့ရသေးတယ်။ နောက်ပိုင်းမှာ နိုင်ငံတွေ ပိုတိုးချဲ့မှာဖြစ်ပြီး web နဲ့ တခြား platform တွေကိုလဲ ပိုတိုးချဲ့မယ်လို့ ဆိုတယ်။

အောက်မှာ Video ကျွန်တော်တင်ထားပေးပါတယ်။


Post a Comment

0 Comments