Facebook Tip 6: Username ရွေးချယ်ခြင်း


Facebook Page တစ်ခု ရပြီဆိုရင် နောက်ထပ်လုပ်သင့်တဲ့ အဆင့်တစ်ခုကတော့ Page ရဲ့ Username ရွေးချယ်ခြင်းပါပဲ။

Username ဆိုတာ ဘာကိုခေါ်တာလဲဆိုတော့ သင့် Facebook page ကို အလွယ်တကူ ရှာနိုင်ဖို့အတွက် @ သို့မဟုတ် Facebook.com/username လို့ ရိုက်ထည့်လိုက်ရင် သင့် Page ကျလာစေမယ့် နာမည်တစ်ခုဖြစ်ပါတယ်။

ဥပမာ - www.facebook.com/officialaungmonchan လို့ ဘယ် browser မှာမဆို ရိုက်ထည့်လိုက်ရင် ကျွန်တော့် Page ကိုရောက်သွားပါလိမ့်မယ်။ Facebook Search Box မှာ ရှာမယ်ဆိုရင်လဲ @officialaungmonchan လို့ ရိုက်လိုက်ရင် ကျွန်တော့် Page ကိုပဲ တွေ့ရမှာပါ။ ဒီတော့ မမှားနိုင်တော့ဘူးပေါ့။

ထည့်သွင်းပုံထည့်သွင်းနည်းကတော့…

Step 1: Computer ဖြင့် Facebook Login ဝင်ပြီး သင့် Page ကို သွားလိုက်ပါ။
Step 2: About ကိုသွားပါ။
Step 3: Page Info အောက်မှာရှိတဲ့ Username ကို နှိပ်လိုက်ပါ။
Step 4: ပေါ်လာတဲ့ box ထဲက Username အောက်ကအကွက်မှာ သင်လိုချင်တဲ့ Username ကို ရိုက်ထည့်ရမှာဖြစ်ပါတယ်။



အကယ်၍ သင်လိုချင်တဲ့ အမည်က ရှိပြီးသားးဖြစ်နေရင်တော့ အသစ်တစ်ခုရွေးပေးရမှာပါ။ မရှိသေးဘူးဆိုရင်တော့ တစ်ခါတည်း တန်းရပါလိမ့်မယ်။


သတိပြုရမယ့်အချက်ကတော့ တကယ်လို့ သင့်ရဲ့ Facebook Account က Page တွေ ဖွင့်နေကျမဟုတ်ဘဲ အခုမှ စဖွင့်တာဆိုရင် Username ကို ချက်ချင်းရွေးချယ်လို့ရပါတယ်။ သင့် Account က Page တွေ ခဏခဏ ဖွင့်နေတယ်ဆိုရင်တော့ Page ကို Like လုပ်သူ (၂၅) ယောက် ကျော်မှသာ Username ရယူနိုင်မှာဖြစ်ပါတယ်။

Post a Comment

0 Comments