Facebook Tip 7: Facebook တွင် Post တင်ခြင်း


ကောင်းပါပြီ။ ကျွန်တော်တို့ Facebook Page လဲ ရပြီ၊ အားလုံးလဲ set up လုပ်ပြီးပြီဆိုတော့ Post တင်ပါတော့မယ်။ Post မတင်ခင် Facebook မှာ Post တွေဘယ်လိုတင်ရမလဲဆိုတာလေး တစ်ချက်လောက် လေ့လာရအောင်။

Facebook Page တစ်ခုအောင်မြင်ဖို့အတွက် ကိုယ့်ရဲ့ Page နဲ့ ကိုယ့် Page ကို ဖတ်ရှုသူတွေကြား တစ်သားတည်း ဖြစ်နေရပါမယ်၊ ချိတ်ဆက်မိနေရပါမယ်။ Facebook Page ကနေ Post တင်တယ်ဆိုတာ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့် ပရိသတ်ကြားမှာ Connection တစ်ခု ဖန်တီးတာပါပဲ။ ဒီတော့ ကျွန်တော်တို့ Post ဘယ်လိုတင်ရင်ကောင်းမလဲ?

(1) အချိန်မှန်မှန် Post တင်ပါ။
ဒီအချက်ဟာ ပထမဆုံး သတိထားရမယ့်အချက်ပါ။ Page မှာ တစ်ရက်ဝင်လာလိုက် Post လေးငါးခုလောက် စွတ်တင်သွားလိုက်၊ တစ်လ လောက်ပျောက်သွားလိုက်၊ နောက်တစ်ခါပြန်ပေါ်လာလိုက် Post သုံးလေးခု တင်လိုက် နှစ်လလောက် နေလိုက် ဆိုရင် လူတွေလဲ ဘာကို လိုက်ဖတ်ရမှန်းမသိနိုင်တော့ဘူး။ ဒါကြောင့် ပုံမှန်ပို့စ်လေး တင်ပေးပါ။ ဥပမာ - ကျွန်တော့် Page မှာ ကြာသပတေးနဲ့ တနင်္ဂနွေနေ့တိုင်း ည ၆ နာရီရောက်တာနဲ့ Facebook Tips တစ်ခု တင်ဖြစ်အောင် တင်ပါတယ်။

(2) အရမ်းရှည်တဲ့ Post မျိုးတွေကို ရှောင်ပါ။
Social Media ဟာ အပြောင်းအလဲအရမ်းမြန်ပါတယ်။ လူတွေဟာ ရှည်ရှည်ဖတ်ရတာကို စိတ်သိပ်မရှည်ကြပါဘူး။ ဒါကြောင့် Post တင်တဲ့အခါ အရမ်းရှည်တို့ Post မျိုးတွေ မတင်သင့်ပါဘူး။ တိုတိုနဲ့ ထိရင် အကောင်းဆုံးပါပဲ။ နောက်တစ်ချက်ကလဲ ရှည်ရှည်တင်တဲ့အခါ Facebook မှာ See More တို့ Continue တို့ စတဲ့ ခလုတ်တွေပေါ်လာတတ်ပါတယ်။ အဲဒီလိုပေါ်လာရင် Post တွေက Reach တွေ Engagement တွေ ကျပါတယ်။

(3)  Visual ကောင်းကောင်းနဲ့ ဆွဲဆောင်ပါ။
စာချည်းပဲတင်တဲ့အခါ ပျင်းစရာကောင်းပါတယ်။ လူတွေဟာ Newsfeed ကို ပွတ်ပြီး ကြည့်သွားတဲ့အချိန်မှာ မျက်လုံးကို ဆွဲဆောင်နိုင်တဲ့ ပုံတွေ့ရင် ရပ်သွားပါတယ်။ ပြီးရင် နှိပ်ပြီးဖတ်ကြည့်တတ်ပါတယ်။ ဒါကြောင့် စာချည်းပဲမတင်ဘဲ ပုံ ဒါမှမဟုတ် Video ကောင်းကောင်းလေးနဲ့ ဆွဲဆောင်ရင် Engagement တွေ Reach တွေ ပိုရပါတယ်။

(4) တိုင်းတာပါ။
Facebook Page ကိုသွားပြီး Insights ကို ပြန်လည်ကြည့်ရှုခြင်းအားဖြင့် ဘယ် Post တွေက ထိရောက်တယ်၊ ကိုယ့် Page ကို ဘယ်သူတွေ Like ထားတယ်၊ ဘယ်လို Content Type က Reach ပိုများတယ် စသဖြင့် လေ့လာလို့ရပါတယ်။ ဒါလေးတွေကို ပြန်ကြည့်ပြီး နောက်လာမယ့် Post တွေကို ဘယ်လို တင်သင့်တယ်ဆိုတာ ကြိုတင်စီစဉ်ထားလို့ ရပါတယ်။


Post a Comment

0 Comments