ဒီနေ့တော့ Facebook မှာ Post တင်တဲ့ နေရာမှာ အသုံးဝင်တဲ့ Schedule, Draft နဲ့ Backdate Feature လေးတွေအကြောင်း ပြောပြပါမယ်။
Page ကို သွားပြီး
Post တင်ကာနီးမှာ Publish ရဲ့ ဘေးမှာ အောက်ကို မြှားစိုက်နေတဲ့ပုံစံ ခလုတ်ကလေး ပါပါတယ်။
အဲဒီ ခလုတ်ကို နှိပ်လိုက်ရင် Option 3 ခု တွေ့ပါမယ်။ Schedule, Backdate နဲ့ Save
Draft ပါ။
Schedule Post
Schedule ကို
နှိပ်လိုက်ရင် ကိုယ်တင်ချင်တဲ့ နေ့ရက် အချိန် နာရီကို ရွေးချယ်ပြီး တင်လို့ရပါတယ်။
အဲဒီအချိန်ရောက်မှ Post က အလိုလို တက်သွားမှာ ဖြစ်ပါတယ်။ ရက် ၁၀၀ အထိ Schedule ကြိုဆွဲထားလို့ရပါတယ်။
Schedule ရဲ့
အောက်မှာ Option တစ်ခုပါပါသေးတယ်။ ဒါကတော့ Distribution Schedule ပါ။ အဲဒီမှာ Stop
Newsfeed Distribution ကို အမှန်ခြစ်ပြီး ရွေးမယ်ဆိုရင် သတ်မှတ်ထားတဲ့ နေ့ရက် အချိန်ရောက်ရင်
Newsfeed တွေမှာ လိုက်ပြတာ ရပ်သွားမှာဖြစ်ပါတယ်။
Backdate
ဒါကတော့ တင်ဖို့
ကျန်ခဲ့တဲ့ Post တွေဘာတွေကို backdate နဲ့ ပြန်တင်ချင်တဲ့အခါမှာ အသုံးဝင်ပါတယ်။
Publish ရဲ့ ဘေးက မြှားကိုနှိပ်ပြီး Backdate ကို နှိပ်လိုက်ရင် အချိန်နေ့ရက်ရွေးပြီး
ပြန်တင်လို့ရမယ့် Feature ကို တွေ့ရပါလိမ့်မယ်။ Page စတင်တည်ထောင်ခဲ့တဲ့ အချိန်ထိ ပြန်သွားပြီး
ပြန်တင်လို့ရပါတယ်။
Save Draft
Save Draft
ကတော့ ရေးနေရင်း အချက်အလက်မပြည့်စုံတာတို့၊ အချိန်မရှိတော့တာတို့ ဘာတို့ ဖြစ်လာရင်
Save Draft ကို နှိပ်ပြီး ခဏသိမ်းထားခဲ့လို့ရပါတယ်။ နောက်မှ ပြန်ပြင်ဖို့ လိုတဲ့
post မျိုးတွေကိုလဲ ခဏ သိမ်းထားခဲ့လို့ ရပါသေးတယ်။
Schedule
Post နဲ့ Draft Post တွေကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့ Page ရဲ့ အပေါ်ဆုံးက
Publishing Tool မှာ ပြန်သွားကြည့်လို့ရပါတယ်။
0 Comments