ကျွန်တော်တို့လို Content Developer တွေအတွက် အရမ်းမိုက်တဲ့ အိုင်ဒီယာတွေ အမြဲထွက်နေဖို့ဆိုတာ သိပ်တော့မလွယ်တဲ့ကိစ္စပါ.။ တစ်ခါတစ်ရံ တော်တော်လေးကြာမှ အိုင်ဒီယာတစ်ခု ထွက်လာတာမျိုးရှိတတ်ပါတယ်.။ ဒီလိုခက်ခဲနေတဲ့ အချိန်မျိုးတွေမှာ အိုင်ဒီယာတစ်ခု ဖန်တီးဖို့အတွက် အကူအညီ ရစေဖို့ နည်းလမ်း (၂၂) မျိုး ရှာဖွေတင်ပြလိုက်ပါတယ်.။
အခြားသူတစ်ယောက်ရဲ့ အကူအညီယူခြင်း
(၁) Curation
အခြားသော Blog (သို့) website များမှ Post များကို ပေါင်းစပ်ပြီး တစ်ခုထဲဖြစ်အောင် ပြောင်းလဲရေးသားခြင်း
(၂) Group Brainstorming
အခြားသူငယ်ချင်းအချို့ဆီက အကြံဥာဏ်တောင်းပါ.။ အပြင်လောကက သူငယ်ချင်းတွေထံမှဖြစ်စေ၊ အွန်လိုင်း သူငယ်ချင်းတွေထံမှဖြစ်စေ၊ အခြားသော Blogger များထံမှဖြစ်စေ အကြံဥာဏ်တောင်းပါ.။
(၃) စာဖတ်သူများကို မေးမြန်းခြင်း
သင့် website ကို ဝင်ရောက်ဖတ်ရှုသူများကို မေးမြန်းခြင်း၊ Vote ပေးခိုင်းခြင်း၊ Feedback တောင်းခံခြင်း
(၄) အခြားသူတစ်ယောက်ယောက်ကို အင်တာဗျူးခြင်း
မေးခွန်းအချို့ ပြင်ဆင်ထားပြီး အခြား အောင်မြင်နေသူတစ်ယောက်ယောက်၊ သူငယ်ချင်းတစ်ယောက်ယောက်ကို အင်တာဗျူးခြင်းဖြင့် Post တစ်ခုလုံးစဉ်းစားရေးသားစရာမလိုတဲ့ အကျိုးကျေးဇူးရှိပါတယ်.။ Bonus အနေနဲ့ အခြားသူများနဲ့ Communicate လုပ်ဖြစ်ခြင်း အကျိုးကျေးဇူးပါ ရရှိပါတယ်.။
(၅) Guest Writer များလက်ခံခြင်း
သင်နဲ့ Field ခြင်းတူတဲ့ အခြား Blogger များ၊ Content Writer များရဲ့ Post များကို ကိုယ့် Blog မှာ လက်ခံပြီး တင်ပေးလို့ရပါတယ်.။ အပြန်အလှန်အနေနဲ့ သူ့ရဲ့ Blog, Website Link ကို ကိုယ့် website မှာ ထည့်သွင်းပေးပါ.။
အထူးအထွေ စဉ်းစားစရာမလိုဘဲ Content ဖန်တီးခြင်း
(၆) အကောင်းဆုံး Case Study
Company တစ်ခုရဲ့ Product တစ်ခု (သို့) website တစ်ခုခုကိုပဲဖြစ်ဖြစ် ရွေးချယ်လိုက်ပါ.။
- သူတို့လုပ်တဲ့အထဲမှာ ဘာတွေမှန်လဲ
- ဘာကြောင့် အဲဒါတွေကို သင်ကြိုက်လဲ
- ဒီဥပမာတွေကြောင့် ဒီအချက်ဟာ အရမ်းကောင်းပါတယ်.။
ဒါဆိုရင် အကောင်းဆုံး Case Study တစ်ခုရပါပြီ.။
(၇) အဆိုးဆုံး Case Study
Company တစ်ခုရဲ့ Product တစ်ခု (သို့) website တစ်ခုခုကို ရွေးလိုက်ပါ.။
- သူတို့လုပ်တဲ့အထဲမှာ ဘာတွေမှားနေလဲ
- ဘာကြောင့် အဲဒါတွေကို သင်မကြိုက်တာလဲ
- ဒီဥပမာတွေကြောင့် ဒီအချက်ဟာ အသုံးမဝင်ဖြစ်နေတာပါ.။
ဒါဆိုရင် အဆိုးဆုံး Case Study post တစ်ခု ရပြီပေါ့.။
(၈) Review ရေးခြင်း
အထက်ပါအတိုင်းပါပဲ.။ Product, Service သို့ website တစ်ခုခုကို ရွေးလိုက်ပါ.။ သင်ကြိုက်တဲ့အချက်တွေ၊ မကြိုက်တဲ့အချက်တွေကို ရွေးပြီးတင်ပြပါ.။ ဘာကြောင့်ကြိုက်တယ်၊ မကြိုက်ဘူး ရှင်းပြပါ.။ Recommend လုပ်တယ်မလုပ်ဘူး ပြောပါ.။
(၉) သင့်အောင်မြင်မှုကို မျှဝေပါ
သင်ဒီနေရာကို ဘယ်လိုရောက်လာလဲ.။ ဘာတွေက သင့်ကို အောင်မြင်စေခဲ့သလဲ ရေးပါ.။ ကိုယ်ရည်မသွေးပါနဲ့.။ သင် ရယူနိုင်ခဲ့တဲ့ သင်ခန်းစာတွေကို ဖော်ပြပါ.။
(၁၀) သင့်ကျရှုံးမှုကို မျှဝေပါ
ဘယ်လိုအကြောင်းအရာတွေမှာတော့ သင်ကျရှုံးခဲ့သလဲ.။ မကွယ်မဝှက်ရေးနိုင်ပါတယ်.။ အဲဒီတွေကနေ သင်ဘာသင်ခန်းစာတွေ ရခဲ့သလဲ.။ နောက်လူတွေ အဲလိုမဖြစ်အောင် ဘာတွေလုပ်သင့်သလဲ.။
(၁၁) အတိတ်ကို ပြန်လည်တူးဖော်ခြင်း
သင်ရေးခဲ့သမျှထဲက အသုံးဝင်တဲ့၊ လူကြိုက်များတဲ့ post တွေကို Reader အသစ်တွေအတွက် ပြန်လည်မျှဝေပါ.။ Description လေး ရေးထည့်ပေးရင် ပိုကောင်းပါတယ်.။
ဖတ်ရှုသူတွေစိတ်ထဲ စွဲနေတဲ့ အမည်များကို အသုံးပြုခြင်း
ဥပမာ - Entrepreneur များအတွက် Bat Man ရုပ်ရှင်မှပေးသော သင်ခန်းစာများ
(၁၂) ရုပ်ရှင်များ
နာမည်ကြီးတဲ့ ရုပ်ရှင်အမည်များနဲ့ သူတို့ထဲမှာပါတဲ့ ဇာတ်ကောင်များဟာ အမည်များရယူဖို့ အကောင်းဆုံးနေရာပဲ ဖြစ်ပါတယ်.။
ဥပမာ - ကျွန်မက Enterpreneur ပါမောင်.။
ဥပမာ - ကျွန်မက Enterpreneur ပါမောင်.။
(၁၃) ရုပ်သံအစီအစဉ်များ
သင့်ရဲ့ Target Audience တွေ အများဆုံးကြည့်ရှုနိုင်တဲ့ ရုပ်သံအစီအစဉ်တွေရဲ့ အမည်ကို အသုံးပြုခြင်း၊ ဥပမာ - သင့်လုပ်ငန်းအောင်မြင်ဖို့ အိမ်မက်ဆုံရာ အစီအစဉ်မှ ဘာတွေသင်ယူနိုင်မလဲ
(၁၄) စာအုပ်များ
စာအုပ်ခေါင်းစဉ်နှင့် စာရေးဆရာအမည်များကို ရယူအသုံးပြုနိုင်ပါတယ်.။ စိတ်ဝင်စားမှု ပိုရဖို့အတွက် စိတ်ကူးယာဉ်ဝတ္ထုများနဲ့ ကဗျာများကို ရွေးချယ်ပါ.။
(၁၅) Super Heroes
Avengers လား Justic League လား ကြိုက်ရာရွေးလို့ရပါတယ်.။
(၁၆) Trends
Google.com/Trends မှာ လတ်တလော ဟော့နေတဲ့ အကြောင်းအရာတွေကို ရှာဖွေလို့ရပါတယ်.။ အဲဒီအကြောင်းအရာတွေနဲ့ သင့်ရဲ့ Content နဲ့ Marge ဖြစ်အောင် ပြုပြင်ရေးသားနိုင်ပါတယ်.။
(၁၇) Celebrities
နှစ်သက်ရာ သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော် အစရှိသဖြင့် ရွေးချယ်နိုင်ပါတယ်.။
ဒါမှစဉ်းစားလို့ မရသေးဘူးဆိုရင်
(၁၈) လမ်းလျှောက်ပါ.။
တစ်ခါတစ်လေ စိတ်ကို အနားပေးပြီး လမ်းအေးအေးဆေးဆေး လျှောက်ပေးဖို့ လိုပါတယ်.။
(၁၉) ရုပ်ရှင်ကြည့်ပါ.။ ပွဲတစ်ခုခုကို သွားပါ.။
လူသိပ်မများတဲ့ နေရာမျိုးကို ရွေးချယ်ပါ.။
(၂၀) စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ အေးအေးဆေးဆေး သွားစားပါ.။
(၂၁) သင့်ရဲ့ Personal အကြောင်းအရာတစ်ခုခုကို ရေးပါ.။
ခက်ခဲနိုင်ပါတယ်.။ ဒါပေမယ့် သင့် blog ဖတ်ရှုသူတွေနဲ့ connet ဖြစ်ဖို့ တော်တော်လေး လွယ်ကူတဲ့ နည်းလမ်းပါ.။
(၂၂) Recycle
ယခင်က Post အဟောင်းတစ်ခုခုကို ပုံစံပြောင်းပါ.။ ဥပမာ - ဒီ Post ကို Infograph အဖြစ်ပြောင်းလဲပြီး ပြန်တင်တာမျိုး..
0 Comments