Facebook Tip 10 : General Settings အကြောင်း သိကောင်းစရာများ


Facebook Page တည်ဆောက်ပြီးတဲ့အခါ သိထားသင့်တဲ့ အချက်တစ်ခုကတော့ Settings ပါပဲ။ Facebook Page ကို Computer မှာ ဖွင့်လိုက်ပြီးရင် ညာဘက်အပေါ်ထောင့်နားက Settings ဆိုတာကို နှိပ်လိုက်တဲ့အခါ အဲဒီ Page ရဲ့ Settings ကို ရောက်သွားပါလိမ့်မယ်။

ဘယ်ဘက်ဘေးမှာ ကြည့်လိုက်ရင် Settings တွေ အခန်းကဏ္ဍလိုက် အများကြီးတွေ့ရမှာပါ။ အဲဒီထဲမှာမှ General Settings  ကို ဒီနေ့ ကျွန်တော်တို့ ကြည့်ရအောင်။

General Settings ထဲကို ဝင်လိုက်ရင်တွေ့ရမယ့် Settings အခွဲလေးတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာမှ အရေးကြီးတဲ့ Settings လေးတွေ ပြင်ရမှာလေးတွေ ရှိပါတယ်။



အပေါ်ဆုံးက Favorite ဆိုတဲ့ Settings ကတော့ ကိုယ့်ရဲ့ Page ကို Favorite ထဲ ထည့်ထားမထား ပြင်တဲ့နေရာဖြစ်ပါတယ်။ အမှန်ခြစ် ခြစ်လိုက်ရင် ကိုယ့်ရဲ့ Page ဟာ Favorite ထဲကိုရောက်သွားမှာဖြစ်ပြီး အလွယ်တကူ Access လုပ်နိုင်မှာ ဖြစ်ပါတယ်။

Page Visibility ဆိုတဲ့ Settings ကတော့ ကိုယ့် Page ကို Publish လုပ်မလုပ် ရွေးချယ်တာဖြစ်ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ Page တစ်ခုအသစ် ထောင်ပြီးပေမယ့် အချက်အလက်မပြည့်စုံသေးတဲ့အခါ ခဏ ပိတ်ထားချင်တာမျိုး ရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ Unpublish လုပ်ထားလို့ရပါတယ်။

Visitor Posts ကတော့ ကျွန်တော်တို့ရဲ့ Page ကို အခြားသူတွေ Post လာတင်လို့ ရမရ ထိန်းချုပ်ပေးတဲ့ Settings ဖြစ်ပါတယ်။ တခြားသူတွေက ကိုယ့် Page ပေါ်မှာ Post လာတင်ခွင့် ပြုလို့ရသလို ပိတ်ထားလို့လဲ ရပါတယ်။

Reviews ကတော့ ကျွန်တော်တို့ Page တွေကို Star Rating ပေးလို့ ရမရ အဖွင့်အပိတ် လုပ်ပေးတဲ့ settings ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Local Business Page Category မှအပ အခြား category တွေမှာ ပိတ်ထားလေ့ရှိပါတယ်။ ဖွင့်လိုက်မယ်ဆိုရင်တော့ visitor တွေအနေနဲ့ ကိုယ့် page ကို 1 star to 5 star rating ပေးနိုင်သလို Review လဲ ရေးနိုင်ပါလိမ့်မယ်။

Newsfeed Audience and Visibility for Posts ဆိုတဲ့ Settings မှာ ကျွန်တော်တို့အတွက် အသုံးဝင်တဲ့ post setting တစ်ခုကို အဖွင့်အပိတ်လုပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် page တစ်ခုက တင်လိုက်တဲ့ post သည် public ပါပဲ။ ဒါပေမယ့် တစ်ချို့ ပို့စ်တွေကို public မလုပ်ချင်ဘူး၊ ကိုယ်ပြချင်တဲ့သူကိုပဲ ပြချင်တယ်၊ မြင်စေချင်တဲ့သူတွေကိုပဲ မြင်စေချင်တယ်ဆိုရင် ဒီ မှာ အဖွင့်အပိတ် လာလုပ်ထားရမှာဖြစ်ပါတယ်။ ဒီ Setting ကို ဖွင့်လိုက်ရင် Page ရဲ့ post တင်တဲ့နေရာမှာ ရွေးချယ်စရာ targeting setting တစ်ခု တိုးလာမှာ ဖြစ်ပါတယ်။ (နောက်တစ်ပို့စ်မှာ အသေးစိတ်ရှင်းပြပါမယ်)

Messages setting ကတော့ ကျွန်တော်တို့ page ကို တခြားသူတွေ message ပို့လို့ ရမရ ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ message တွေ အများကြီးရောက်လို့ အာရုံနောက်တယ်ဆိုရင် ဒီကနေ ပိတ်ထားလို့ ရပါတယ်။

Tagging Ability ကတော့ Page က တင်လိုက်တဲ့ ဓာတ်ပုံတွေမှာ တခြားသူတွေ Tag လုပ်လို့ ရမရ ရွေးချယ်တာ ဖြစ်ပါတယ်။ Others Tagging This Page ကတော့ ကိုယ့် page ကို တခြားသူတွေက @username နဲ့ လှမ်းခေါ်ပြီး Tag လုပ်လို့ ရမရ ရွေးချယ်တာဖြစ်ပါတယ်။

Country Restriction နဲ့ Age Restriction ကတော့ နိုင်ငံ နဲ့ အသက်အရွယ် ရွေးချယ်တာဖြစ်ပါတယ်။ ကိုယ့် page ကို ဘယ်နိုင်ငံတွေမှာ မပြချင်ဘူးလဲ၊ ဘယ်အသက်အရွယ်တွေကို မပြချင်ဘူးလဲဆိုတာ ဒီမှာ ရွေးလို့ရပါတယ်။

အောက်ဆုံးက Similar Page Suggestion ဆိုတာကတော့ ကိုယ့်ရဲ့ Page ကို တခြားသူတွေဆီ Recommend လုပ်မလုပ် အဖွင့်အပိတ်လုပ်တာဖြစ်ပါတယ်။ ဒါကတော့ အမြဲတမ်း ဖွင့်ထားတာ ပိုကောင်းပါတယ်။

ဒါဆိုရင်တော့ General Settings တွေကုန်ပါပြီ။ နောက်နေ့မှာ အရေးကြီး Settings တွေကို အသေးစိတ် ရှင်းပါဦးမယ်။



Post a Comment

0 Comments