ေစ်းေရာင္းေကာင္းေစမယ့္ Visual Content (၄) မ်ိဳး


[Zawgyi]

ဒီရက္ပိုင္း Online Shop သမားေတြလဲ လာေမးၾကတယ္ဆိုေတာ့ ေစ်းေရာင္းထြက္ေအာင္ ကူညီေပးမယ့္ Visual Content (၄) မ်ိဳးအေၾကာင္း ေရးေပးလိုက္ပါတယ္။

(၁) ဓာတ္ပံု
ဓာတ္ပံုမ်ားတင္ျခင္းအားျဖင့္ လူေတြရဲ႕ အျမင္အာရံုကို စြဲေဆာင္ႏိုင္ေစဖို႔သာမက ပစၥည္းေရာင္းထြက္ေစဖို႔လဲ အကူအညီေပးပါတယ္။ ဓာတ္ပံုတင္တဲ့ေနရာမွာ
-       တင္မယ့္ဓာတ္ပံုရဲ႕ စတိုင္္လ္၊ အေရာင္ေတြနဲ႔ ပါဝင္တဲ့ပစၥည္းေတြကို ဂရုစိုက္ေရြးခ်ယ္ပါ။ Consistent လဲ ျဖစ္ပါေစ။
-       Quality ေကာင္းတဲ့ ဓာတ္ပံုေတြပဲ အၿမဲသံုးပါ။
-       UGC (User Generated Content) ေတြကိုလဲ မေမ့ပါနဲ႔။ ကိုယ့္ customer ေတြကို ကိုယ့္ဆီက ဝယ္ထားတဲ့ ပစၥည္းေတြနဲ႔ ဓာတ္ပံုရိုက္ၿပီး တင္ခိုင္းတာမ်ိဳး လုပ္ႏိုင္ပါတယ္။

(၂) Video
Video ေတြဟာ Social Media ေပၚမွာ အေကာင္းဆံုး Content Type ေတြ ျဖစ္လာေနပါၿပီ။ ျဖစ္ႏိုင္သမွ် အခ်ိန္တိုင္းမွာ Video နဲ႔ ေရာင္းဖို႔ ႀကိဳးစားပါ။

(၃) GIFs
လႈပ္ေနတဲ့ Animation ေတြ၊ ဟိုအေကာင္ဒီအေကာင္ ဖမ္းခိုင္းတာေတြ Facebook ေပၚမွာ ေတြ႔တယ္မလား။ ဒီလို GIFs ေလးေတြနဲ႔လဲ လူေတြရဲ႕ Attention ကို ရယူႏိုင္ပါတယ္။ ဘယ္လို ထည့္သြင္းရမလဲ..
www.giphy.com နဲ႔ www.reactiongifs.com ေတြမွာ အမ်ားႀကီးရွိပါတယ္။ ထည့္သြင္းခ်င္တဲ့ ပံုကို ရွာၿပီး ထည့္လို႔ရပါတယ္။

(၄) Live

Live Video ေတြ လႊင့္ျခင္းဟာလဲ ေစ်းေရာင္းေကာင္းမယ့္ နည္းလမ္းတစ္ခုပါ။ Social Media ေတြက Live ေတြကို တြႏ္းအားေပးေနတဲ့အတြက္ Live လႊင့္ၿပီးေတာ့လဲ ပရိသတ္ကို ဆြဲေဆာင္ႏိုင္ပါတယ္။

[Unicode]

ဒီရက်ပိုင်း Online Shop သမားတွေလဲ လာမေးကြတယ်ဆိုတော့ စျေးရောင်းထွက်အောင် ကူညီပေးမယ့် Visual Content (၄) မျိုးအကြောင်း ရေးပေးလိုက်ပါတယ်။

(၁) ဓာတ်ပုံ
ဓာတ်ပုံများတင်ခြင်းအားဖြင့် လူတွေရဲ့ အမြင်အာရုံကို စွဲဆောင်နိုင်စေဖို့သာမက ပစ္စည်းရောင်းထွက်စေဖို့လဲ အကူအညီပေးပါတယ်။ ဓာတ်ပုံတင်တဲ့နေရာမှာ
- တင်မယ့်ဓာတ်ပုံရဲ့ စတိုင််လ်၊ အရောင်တွေနဲ့ ပါဝင်တဲ့ပစ္စည်းတွေကို ဂရုစိုက်ရွေးချယ်ပါ။ Consistent လဲ ဖြစ်ပါစေ။
- Quality ကောင်းတဲ့ ဓာတ်ပုံတွေပဲ အမြဲသုံးပါ။
- UGC (User Generated Content) တွေကိုလဲ မမေ့ပါနဲ့။ ကိုယ့် customer တွေကို ကိုယ့်ဆီက ဝယ်ထားတဲ့ ပစ္စည်းတွေနဲ့ ဓာတ်ပုံရိုက်ပြီး တင်ခိုင်းတာမျိုး လုပ်နိုင်ပါတယ်။

(၂) Video
Video တွေဟာ Social Media ပေါ်မှာ အကောင်းဆုံး Content Type တွေ ဖြစ်လာနေပါပြီ။ ဖြစ်နိုင်သမျှ အချိန်တိုင်းမှာ Video နဲ့ ရောင်းဖို့ ကြိုးစားပါ။

(၃) GIFs
လှုပ်နေတဲ့ Animation တွေ၊ ဟိုအကောင်ဒီအကောင် ဖမ်းခိုင်းတာတွေ Facebook ပေါ်မှာ တွေ့တယ်မလား။ ဒီလို GIFs လေးတွေနဲ့လဲ လူတွေရဲ့ Attention ကို ရယူနိုင်ပါတယ်။ ဘယ်လို ထည့်သွင်းရမလဲ..
www.giphy.com နဲ့ www.reactiongifs.com တွေမှာ အများကြီးရှိပါတယ်။ ထည့်သွင်းချင်တဲ့ ပုံကို ရှာပြီး ထည့်လို့ရပါတယ်။

(၄) Live
Live Video တွေ လွှင့်ခြင်းဟာလဲ စျေးရောင်းကောင်းမယ့် နည်းလမ်းတစ်ခုပါ။ Social Media တွေက Live တွေကို တွန်းအားပေးနေတဲ့အတွက် Live လွှင့်ပြီးတော့လဲ ပရိသတ်ကို ဆွဲဆောင်နိုင်ပါတယ်။

Post a Comment

0 Comments