Authority တက္ခ်င္ရင္ စာလံုးေပါင္းသတ္ပံုေလး ဂရုစိုက္ေစခ်င္


 [Zawgyi]

Content ေရးတဲ့အခါ စိတ္ညစ္ဖို႔ေကာင္းတာက Grammar မမွန္တာပါပဲ။ စာလံုးေပါင္းေတြ မွားေနတဲ့ Content မ်ိဳးကိုဆို ဆက္ကို မဖတ္ခ်င္ေတာ့ဘူး။ ဒါေၾကာင့္ ဒီေန႔ေတာ့ အဲဒါေလး ေရးေပးလိုက္ပါတယ္။ မွားတတ္တဲ့ စာလံုးေပါင္းမ်ားေပါ့။

အမ်ားဆံုးမွားေလ့ရွိတာက တသတ္ နဲ႔ ကသတ္ ပါ။ အဲဒါကိုမွ တတ္ နဲ႔ တက္ မွာ ေတာ္ေတာ္မ်ားမ်ား မွားေလ့ရွိပါတယ္။

တတ္ = လုပ္တတ္၊ ကိုင္တတ္၊ သြားတာ၊ ျဖစ္တတ္၊ ေရးတတ္၊ ေျပာတတ္ အဲလိုေနရာမ်ိဳးမွာ သံုးပါတယ္။
တက္ = အေပၚတက္၊ ကားေပၚတက္၊ အိမ္ေပၚတက္၊ အဲလိုမွာသံုးရတာပါ။ အဲဒါအမ်ားဆံုး မွားတတ္ၾကတာကို ေတြ႕ရပါတယ္။

ေနာက္ ေဇာ္ဂ်ီ နဲ႔ ရိုက္တဲ့အခါ မွားေလ့ရွိတာေတြလဲ အမ်ားႀကီးပါပဲ။

ေဇာ္ဂ်ီမွာ “ျ  ”  ေတြအမ်ားႀကီးရွိပါတယ္။ သူ႔ေနရာနဲ႔သူသံုးရတာပါ။ လံုးႀကီးတင္ပါရင္ တစ္မ်ိဳး မပါရင္တစ္မ်ိဳး၊ စာလံုးႀကီးရင္တစ္မ်ိဳး ငယ္ရင္တစ္မ်ိဳးပါ။ ဥပမာ

ႀကီး - ၿပီး - ျပ - ၾက စသျဖင့္ မွန္ကန္တဲ့အသံုးကိုပဲ သံုးသင့္ပါတယ္။

ေနာက္ ေသးေသးတင္ သံုးရမလား မသတ္ နသတ္ သံုးရမလားဆိုတာေတြလဲရွိေသးတယ္။

အံစာတံုး လား အန္စာတံုး လား - ရုတ္တရက္ၾကည့္ရင္ ခြဲလို႔မရဘူးေတြ႕လား။ အဲဒါမ်ိဳးေတြကို ဂရုစိုက္ေစခ်င္တယ္။

အေကာင္းဆံုးကေတာ့ စာလံုးေပါင္းသတ္ပံုက်မ္းတစ္အုပ္ ဝယ္ထားၿပီး ထိုင္လွန္ေနဖို႔ပါပဲ။ ေဝါဟာရလဲ ၾကြယ္လာမယ္၊ စာလံုးေပါင္းလဲ မွန္လာမွာျဖစ္ပါတယ္။


ဒီေန႔ကေတာ့ဒါပါပဲ။

[Unicode]
Content ရေးတဲ့အခါ စိတ်ညစ်ဖို့ကောင်းတာက Grammar မမှန်တာပါပဲ။ စာလုံးပေါင်းတွေ မှားနေတဲ့ Content မျိုးကိုဆို ဆက်ကို မဖတ်ချင်တော့ဘူး။ ဒါကြောင့် ဒီနေ့တော့ အဲဒါလေး ရေးပေးလိုက်ပါတယ်။ မှားတတ်တဲ့ စာလုံးပေါင်းများပေါ့။

အများဆုံးမှားလေ့ရှိတာက တသတ် နဲ့ ကသတ် ပါ။ အဲဒါကိုမှ တတ် နဲ့ တက် မှာ တော်တော်များများ မှားလေ့ရှိပါတယ်။

တတ် = လုပ်တတ်၊ ကိုင်တတ်၊ သွားတာ၊ ဖြစ်တတ်၊ ရေးတတ်၊ ပြောတတ် အဲလိုနေရာမျိုးမှာ သုံးပါတယ်။
တက် = အပေါ်တက်၊ ကားပေါ်တက်၊ အိမ်ပေါ်တက်၊ အဲလိုမှာသုံးရတာပါ။ အဲဒါအများဆုံး မှားတတ်ကြတာကို တွေ့ရပါတယ်။

နောက် ဇော်ဂျီ နဲ့ ရိုက်တဲ့အခါ မှားလေ့ရှိတာတွေလဲ အများကြီးပါပဲ။

ဇော်ဂျီမှာ “ြ  ”  တွေအများကြီးရှိပါတယ်။ သူ့နေရာနဲ့သူသုံးရတာပါ။ လုံးကြီးတင်ပါရင် တစ်မျိုး မပါရင်တစ်မျိုး၊ စာလုံးကြီးရင်တစ်မျိုး ငယ်ရင်တစ်မျိုးပါ။ ဥပမာ

ကြီး - ပြီး - ပြ - ကြ စသဖြင့် မှန်ကန်တဲ့အသုံးကိုပဲ သုံးသင့်ပါတယ်။

နောက် သေးသေးတင် သုံးရမလား မသတ် နသတ် သုံးရမလားဆိုတာတွေလဲရှိသေးတယ်။

အံစာတုံး လား အန်စာတုံး လား - ရုတ်တရက်ကြည့်ရင် ခွဲလို့မရဘူးတွေ့လား။ အဲဒါမျိုးတွေကို ဂရုစိုက်စေချင်တယ်။

အကောင်းဆုံးကတော့ စာလုံးပေါင်းသတ်ပုံကျမ်းတစ်အုပ် ဝယ်ထားပြီး ထိုင်လှန်နေဖို့ပါပဲ။ ဝေါဟာရလဲ ကြွယ်လာမယ်၊ စာလုံးပေါင်းလဲ မှန်လာမှာဖြစ်ပါတယ်။

ဒီနေ့ကတော့ဒါပါပဲ။

Post a Comment

0 Comments