Social Media Marketing အနေနဲ့ ကိုယ့်ရဲ့Target Customersတွေကို ပိုမိုထိရောက်စွာ ဆက်သွယ်နိုင်စေဖို့၊ ကိုယ့်Business ရဲ့ Goal ကိုအချိန်တိုအတွင်း ရစေနိုင်ဖို့ အရေးကြီးဆုံးနဲ့ အသိသာဆုံးကတော့ Content ပါပဲ ။ ဒီအတွက် Consistent ဖြစ်တဲ့ Content plan ဖန်တီးဖို့ အချက် (၇) ချက်ကို သိထားဖို့လိုအပ်ပါတယ် ။
1. Customerတွေရဲ့ Brand Awareness ကနေ Conversion ကို သွားတဲ့ ခရီးကို သိရပါမယ်။ တစ်နည်းအားဖြင့် ကိုယ့် brand ကို စမြင်တာက စပြီး ဝယ်ဖြစ်တဲ့အထိ ဘယ်လိုတွန်းအားပေးရမလဲ သိရပါမယ်။
ဦးဆုံးအနေနဲ့က ကိုယ့်ရဲ့Target Customer တွေရဲ့အကြိုက်ကို စဉ်းစားရမှာပါ (ဒါကတော့ သူတို့ရဲ့marital status ၊ နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ အလေ့အကျင့်တွေပေါ်မူတည်ပြီး ခန့်မှန်းကြည့်လို့ရပါတယ်) For eg; Uber (Uber ဟာဆိုရင် သူတို့ရဲ့ Customer need ကို သူတို့ပေးတဲ့ service တွေကတဆင့် ကောင်းကောင်းဖြည့်ပေးနိုင်တာ အားလုံးအသိပါပဲ)
နောက်တချက်ကတော့ Customer ရဲ့အတွေးတွေကို target ထားရမှာပါ။ ကိုယ့် Productတစ်ခုကို မဝယ်ခင်မှာ သူတို့ပထမဆုံး ဘာကိုစဉ်းစားမလဲ? ၊ ပြီးတော့ရော ဘာတွေထပ်စဉ်းစားအုံးမလဲ ၊ အရေးကြီးဆုံးကတော့ ကိုယ့် Product ကိုမဝယ်ခင်မှာ မေးလာနိုင်တဲ့မေးခွန်းတွေကို အနီးစပ်ဆုံးတွေးထားဖို့ လိုအပ်ပါတယ် ။ လူတစ်ဦးနဲ့တစ်ဦး တွေးနိုင်တဲ့မေးခွန်းတွေက မတူတဲ့အတွက် ဖြစ်နိုင်ချေရှိသမျှ မေးခွန်းတိုင်းကိုတော့ စဉ်းစားထားဖို့လိုအပ်ပါတယ် (For Eg; Product ရဲ့ဈေးနှုန်းနဲ့ပတ်သတ်ပြီး complain တက်တာမျိုး၊ ဘယ်မှာဝယ်လို့ ရနိုင်မလဲဆိုတဲ့ Information တောင်းတာမျိုး) ။ ပြီးရင်တော့ အဲ့အတွေးတွေ မေးခွန်းတွေကို ကိုယ့်Blog post ၊ images တွေ Infographic တွေကတဆင့် ပြည့်ပြည့်စုံစုံ ဖြေရှင်းပေးနိုင်ဖို့ပြင်ဆင်ပြီး Customer trust ကို ရယူပါ။
2. ကိုယ့် Business အတွက် ဘာကြောင့် Social Media သုံးရသလဲဆိုတာ ဆုံးဖြတ်ပါ။ KPI တွေ သတ်မှတ်ပါ။
Social Media သုံးနေရခြင်းရဲ့ goal ကို အရင်သတ်မှတ်ထားရပါမယ်။ ဒီနေရာမှာတော့ ဖြစ်နိုင်ချေရှိတဲ့ Goal က ၃ခုရှိပါတယ်။
* Communiy တစ်ခုအနေနဲ့ ရှိနေစေဖို့
For Eg; ကိုယ့် Product or service ကို လက်ရှိသုံးနေတဲ့ Customer တွေကို Facebook Private Group တစ်ခုအနေနဲ့ ဖွဲ့ပေးထားတယ်ဆိုပါစို့ ။ ဒီိ Group ကတဆင့် Community ရဲ့ Growth ကိုတိုင်းလို့ရတဲ့အချက်တွေက :
- Group Member အရေအတွက်
- Live video တွေရဲ့ Engagement
- နေ့စဉ်တင်နေတဲ့ Post တွေရဲ့ Engagement
- ဒီ Group ကနေ မေးလာတဲ့ Question တွေ
ဒါတွေကိုကြည့်ပြီး ကိုယ့်ရဲ့ Community ဟာ ကောင်းကောင်း Growth ဖြစ်နေသလား ၊ Customer နဲ့ Interaction ဘလောက်ရှိနေလဲဆိုတာ ခန့်မှန်းနိုင်ပါတယ် ။ သို့ပေမဲ့ Private group တွေအပေါ် Facebook analytics ဟာ အရမ်း support မပေးထားတဲ့အတွက် ဒီနေရာမှာတော့ Grytics လိုမျိုး third party tool ကို သုံးရင်တော့ ပိုအဆင်ပြေပါတယ် ။
* Brand Awareness တိုးစေဖို့
Marketers တွေ Social Media အဓိကသုံးရခြင်းကတော့ Brand Awareness တည်ဆောက်ဖို့ပါ ။ Twitter ကို အဓိက Network အနေနဲ့ Social Media Marketing လုပ်နေတယ်ဆိုပါစို့ ။
- Follower count
- Impression
- Mention and shares
- Top tweet
- Top mention
- Profile visits
- New followers အစရှိတဲ့အချက်တွေကတဆင့် Brand Awareness ဘယ်လောက်ရလာသလဲဆိုတာ သိနိုင်ပါတယ်။
* Boost Engagement
Engagement ကလဲ Social Media Success ကိုတိုင်းဖို့ metric တစ်ခုပါပဲ။ Facebook နဲ့ Instagram မှာတော့ Boost ပိုလုပ်ထားတဲ့ Post တွေကို feed မှာ ပိုပြပေးထားတဲ့အတွက် Boost Engagement ကအရေးအကြီးဆုံးပါပဲ ။ ဒီမှာလဲ retweets , likes , questions နဲ့ အခြား action တွေကနေ Engagement ကိုတိုင်းလို့ရပါတယ်
3. ကိုယ့် Audience ကို ပို Engage လုပ်နိုင်ဖို့ မှန်ကန်တဲ့ Social Network ကိုရွေးချယ်ပါ။
Social Media တိုင်းကို Target ထားနေရင် ထိရောက်တဲ့ Result ကို ရလာမှာမဟုတ်ပါဘူး။ ဒါကြောင့် Social network တစ်ခုမရွေးခင်မှာ ဘယ်ဟာက target customer ကို အဆွဲဆောင်နိုင်ဆုံးလဲဆိုတာ ရွေးရပါမယ် ။ များသောအားဖြင့်တော့ နေရာဒေသနဲ့ Platform တစ်ခုရဲ့ influence လုပ်နိုင်စွမ်းပေါ် မူတည်ပါတယ်။ လူသုံးအများဆုံးနဲ့ Target အထားနိုင်ဆုံး platform တွေကတော့ :
- Facebook
- Twitter
- Instagram
- Pinterest
- LinkedIn
- YouTube
- SnapChat
4. Content ရဲ့ Topic ကို စဉ်းစားပါ
ဦးစားပေးရမယ့် Social Network ကိုရွေးချယ်ပြီးရင်တော့ Content Plan ကိုပြင်ရတော့မှာပါ။ Content တစ်ခုကို specific ဖြစ်ဖို့ ယုံကြည်နိုင်ဖို့ သူများထက်ထူးခြားနေဖို့ ဖန်တီးနိုင်ရပါမယ်။ အရေးကြီးဆုံးကတော့ ကိုယ့်Business ကိုပဲ အချိန်တိုင်းပြောနေဖို့ မလိုပါဘူး။ Customer အနေနဲ့ ဘယ်လိုContent မျိုးကို အချိန်ပေးပြီးဖတ်ချင်မလဲဆိုတာ စဉ်းစားရပါမယ် ။ (For Eg; questionnaire မျိုးဖန်တီးပေးပြီး response များများရချင်ရင် Customers feedback တွေကနေ feedback ပေးတဲ့သူကို ဆုအနေနဲ့ရွေးချယ်ပေးတာမျိုး) ။ နောက်တစ်ချက်ကတော့ ပြိုင်ဘက်တွေဘာလုပ်နေလဲဆိုတာ စောင့်ကြည့်ပါ ။ ဒါပေမဲ့ သူတို့ရဲ့ Ideaတွေ Content တွေကိုတော့ မကူးယူပါနဲ့ ။ သူတို့ Content တွေကို inspiration ယူပြီး ပိုဆန်းသစ်တဲ့ Own Content or Idea တွေဖန်တီးပါ။
5. Content ရဲ့အချိန်ဇယားကို သတ်မှတ်ပါ
Target Customer အတွက် ရည်ညွှန်းမယ့် Content ကိုဆုံးဖြတ်ပြီး ကိုယ့် Business or Industry နဲ့အကိုက်ညီဆုံး Topic ရွေးပါ။ ပြီးရင်တော့ ရေးမယ့် Article ရဲ့ ခေါင်းစဉ်ကိုရွေးပါ ။ ဒီအပိုင်းမှာတော့ transactional, informational နဲ့ navigational ဆိုပြီး keyword ၃မျိုးရှိပါတယ် ။ Transactional ကတော့ အကောင်းဆုံး (သို့) ဈေးအသက်သာဆုံးကို ရှာဖွေနေတဲ့လူတွေကို ဆွဲဆောင်တဲ့ပုံစံမျိုးပါ။ Informational မှာတော့ ဘာလဲ၊ ဘယ်လိုလဲ ဆိုပြီး အမေးသဘောဆောင်တဲ့ပုံစံမျိုးနဲ့စပြီး marketer ဟာ Expert တစ်ယောက်အနေနဲ့ ပြောပြရမယ့်သဘောပါ။ Navigational ကတော့ Customer တွေရှာနေတာကို ကူညီနိုင်တဲ့ keyword တွေနဲ့စတာမျိုးပါ (For eg; brand name လိုမျိုး)
ခေါင်းစဉ်အပိုင်းပြီးရင်တော့ Contentကို အပိုင်းခွဲရပါမယ် ။ Introduction, body, conclusion နဲ့ call to action ဆိုပြီး အပိုင်းလေးပိုင်းနဲ့ ရေးရမှာပါ
Content plan မှာတော့ နေ့စွဲ၊ သတ်မှတ်ရက်၊ ခေါင်းစဉ်နှင့် Contentကို ဖော်ပြချက်၊ Content အမျိုးအစား၊ Target audience နဲ့ ဘယ် Channel မှာ ဖော်ပြမလဲဆိုတဲ့ အချက်အလက်တွေနဲ့ ဖန်တီးရမှာပါ။ Microsoft Excel ဒါမှမဟုတ် Google Sheets သုံးပြီးလုပ်လို့ရပါတယ်။
6. စိတ်ချရတဲ့ Engagement တွေကတဆင့် ယုံကြည်မှုတည်ဆောက်ပါ။
Social Media တွေဟာ Content တွေလျှောက်တင်နေတဲ့ နေရာသက်သက်မဟုတ်ပါဘူး။ Engagement ရအောင်ယူတဲ့နေရာမှာလဲ two way conversation လုပ်ပေးရပါမယ် ။ Customer service အတွက် social media ကို များများသုံးပေးလေ Customer ကလဲ ကိုယ့်ကိုပိုယုံကြည်လာမှာပါ။ ဒါ့အပြင် ပုံမှန် Customer တစ်ယောက် ကိုယ့်Product or service ကို ဝယ်တဲ့အခါမှာ အဲ့Processကို Social Media ကတဆင့် ပိုမြန်ဆန်အောင် အချိန်သက်သာအောင် လုပ်ပေးခြင်းအားဖြင့် ယုံကြည်မှုရယူနိုင်ပါတယ် ။
7. Progress တွေကို ပြန်တိုင်းတာပြီး ချိန်ညှိပါ။
နောက်ဆုံးအချက်အနေနဲ့ Social Media Plan ကနေ လိုချင်တဲ့ success ရလာလားဆိုတာ ပြန်တိုင်းတာရမှာပါ။ ဒီမှာလဲ Conversion, Reach နဲ့ Engagement တွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ အဓိကကတော့ Online ပေါ်တက်ပြီး အပေါ်က process တွေလုပ်ပြီးနောက် ရောင်းအားဘယ်လောက်တက်လာသလဲ၊ ဘယ်နားမှာအားနည်းသွားလဲ၊ ဘာတွေဖြည့်ပေးရမလဲ ပြန်လည်တိုင်းတာခြင်းဖြင့် နောက်တစ်ကြိမ် အစက ပြန်စရာမှာ အမှားနည်းသွားမှာ ဖြစ်ပါတယ်။
0 Comments