social media အသုံးပြုပြီး online sales ရောင်းအားတက်အောင် ပြုလုပ်ခြင်း


social channels တွေပေါ်ကနေ သင့် ပစွည်း ကို အသုံးပြုနိုင်ခြေရှိတဲ့ လူ ၊ customers တွေနဲ့ကောင်းကောင်းချိတ်ဆက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါသလား !

ဒီလို plan ကောင်းကောင်းချ ခြင်းဖြင့် သင့်ရောင်းအားတက်အောင် ပြုလုပ်နိုင်ပါတယ်။

#1 native chatting လို့ခေါ်တဲ့ စကားလက်ဆုံ ပြောခြင်းဖြင့် sales တက်အောင်လုပ်နိင်ပါတယ် ။

native chatting ဆိုတာ messaging service တွေ အသုံးပြုပြီး customer တွေနဲ့ ချိတ်ဆက် တာ ဖြစ်ပါတယ် ။

ဒီလို လုပ်ခြင်းက customer တွေကို business နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံ ခွင့် ပေးတဲ့အတွက် ယုံကြည်မှု ပို ရစေပါတယ် ။ automate ( ကြိုတင် ပြင်ဆင်ထားတဲ့ message များ ) ၊ customize ( မိမိလုပ်ငန်းအလိုက် ပြောင်းလဲ ထားတဲ့ message များ ၊ personalize message များနဲ့ပါ communicate လုပ်ပါ ။

အခုဆိုရင် chat apps ( facebook messenger bots ) တွေလို Bots တွေ လွယ်လွယ်ကူကူနဲ့ သုံးလို့ရနေပါပြီ ။ အချိန်ကုန်သက်သာပြီး customer နဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံး option တစ်ခု ဖြစ်လာပါတယ် ။

#2 သင့် brand အကြောင်းကို အမြဲနားစွင့်ပါ ။

social media ဟာ သင့် brand အပေါ် လူတွေ ဘာပြောနေလဲ ၊ ဘယ်လိုသဘောထားကြလဲ ၊ ဘယ်လို complain ရှိတယ် ၊ competitors နဲ့ ယှဉ်ပြီး အားသာချက် အားနည်းချက်စတာတွေကိုပါ အလွယ်တကူသိနိုင်ပါတယ် ။ ဒီလို ကိုယ့်ရဲ့ audience ကို အမြဲ track လုပ်ပြီး leads အသစ်တက်အောင် ၊ brand ကို ထိန်းနိုင်အောင် ၊ complain တွေ ပရိသတ်ရဲ့ အဆင်မပြေမှုတွေကို မြန်မြန်နဲ့ ထိထိရောက်ရောက်ဖြေရှင်းခြင်းဖြင့် sales တွေ တက်လာစေနိုင်ပါတယ် ။

#3 ကိုယ့် brand နဲ့ ပတ်သတ်ပြီး သင့် customer တွေရဲ့ experience ကို မျှဝေဖို့ တိုက်တွန်းပါ ။

social media မှာ အောင်မြင်မှု ဆိုတာ ကိုယ့် brand အကြောင်း ကိုယ့် service အကြောင်းကို ကိုယ့် customer တွေ ဘယ်လောက်ပြောကြတယ် ၊ ဘယ်လို ပြောကြတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ် ။positive word of mouth တစ်ဆင့် စကားနဲ့ ကိုယ့် brand ကို recommend ပေးခံရရင် ဝယ်ယူသူ ပိုများလာပါတယ် ။ facebook အသုံးပြုသူ သုံးပုံတစ်ပုံ လောက်ဟာ ပစွည်းတစ်ခုဝယ်ပြီးရင် share ပြုလုပ်ခြင်း ၊ favoriting ( review ) သဘောရေးတာမျိုး ၊ comment ပေးတာတွေ လုပ်ကြပါတယ် ။

#4 social channels တွေက နေ ဝယ်ယူရလွယ်ကူအောင် လုပ်ထားပါ ။

social media တွေကနေ လက်လီရောင်းအားက တခြား online channels တွေကနေဝယ်ယူမှုထက် သိသိသာသာတက်လာပါတယ်။ buy button တချက်နှိပ်ရုံ ဝယ်ယူမှုလွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။ ဒါမျိုးကို facebook buy button နဲ့ pinterest buyable pinsတွေမှာ တွေ့ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ တော့ facebook က buy and sell button နဲ့ နည်းနည်းပို အကျွမ်းတဝင်ရှိပြီး pinterest တော့ သုံးတဲ့ လူ သိပ်မရှိပါဘူး

#5 user-generated content တွေ နဲ့ ကြော်ငြာပါ

ကိုယ့်ကိုယ်ပိုင် content ထက် ကိုယ့်ရဲ့ ပရိသတ်တွေ ၊ followers တွေ ၊ customer တွေက ဖန်တီးထားတဲ့ content တွေများများတင်ပါ ။ contests လုပ်ပြီး ဖြစ်ဖြစ် ၊ giveaway လုပ်ပြီး ဖြစ်ဖြစ် review request နဲ့ ဖြစ်ဖြစ် user ဘက်က content တွေနဲ့ sales တက်အောင်ဆွဲဆောင်နိုင်ပါတယ် ။

#6 ရာသီဥတု ၊ အခြေအနေ ၊ နာမည်ကြီး topic ၊ event ပွဲတွေ ချိန်ကိုက်ပြီး content ကို ဖန်တီးပါ ။

နေ့ကြီး ရက်ကြီးတွေ ၊ ပွဲတွေ ကို လိုက်ပြီး discounts တွေ incentives တွေ emails တွေ ပို့တာ ၊ ဆုတောင်းပေးတာမျိုး ပြုလုပ်ပေးတာတွေက customer တွေကိုစိတ်ကျေနပ်စေပြီး audience တွေ စိတ်ဝင်စားမှု ရစေပါတယ် ။ သင့် audience က ဘယ်လို ပွဲတွေ ကြိုက်တတ်တယ် ၊ ဘယ်လို promotion တွေနဲ့ ဆို စိတ်ဝင်စားနိုင်တယ်ဆိုတာ အချိန်ကိုက် ကြိုတင်ပြင်ဆင် ခြင်းဖြင့် sales တက်စေနိုင်ပါတယ် ။

#7 social-friendly image တွေ သုံးပါ

content တော်တော်များများမှာ ပုံမပါတာ တော်တော်ရှားသွားပါပြီ ။ သင့် content ကိုစိတ်ဝင်စားဖို့ ၊ impression ရှိဖို့ အတွက် image ကောင်းကောင်းလိုအပ်ပါတယ်။ သင် ပေးလိုတဲ့ အဓိက message ကို image မှာ ထည့်ပြီး တင်ရပါမယ် ။ ပုံမပါတဲ့ post ထက် ပုံနဲ့တွဲထားတဲ့ post က နှစ်ဆ လောက် လူစိတ်ဝင်စားခြင်း ပိုခံရပါတယ် ။

www.aungmonchan.com

#AMC
Image Credit: Alex Khan

Post a Comment

0 Comments