Digital Marketer တွေအတွက် SEO အောင်မြင်စေမယ့် နည်းလမ်းများ



SEO ဆိုတာကတော့ ကိုယ့်ရဲ့ Website ကို Search Engine တွေဖြစ်ကြတဲ့ Google, Bing, Yahoo အစရှိတာတွေရဲ့ Search Result Page တွေမှာ အရှေ့ကိုရောက်နိုင်သမျှရောက်အောင် လုပ်ဆောင်ခြင်းကိုခေါ်တာဖြစ်ပါတယ်၊ အသေးစိတ်ဖတ်ချင်တယ်ဆိုရင်တော့ SEO ဆိုတာဘာလဲ ?
 မှာ ဖတ်နိုင်ပါတယ်၊SEO တစ်ခုအောင်မြင်ဖို့ဆိုတာ အချိန်တွေအများကြီးပေးရပါတယ်၊စိတ်ရှည်ရပါတယ်၊ အခု အောက်မှာရေးပေးထားတာတွေကတော့ SEO တစ်ခုအောင်မြင်ဖို့အတွက် လိုအပ်တဲ့အချက်တွေထဲက Marketer တွေ မသိမဖြစ် သိထားသင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်၊


1 . Don’t Ignore Your Audience

Marketer တွေအနေနဲ့ ကိုယ်တာဝန်ယူရတဲ့ Website ရဲ့ ပရိသတ်တွေဘာတွေကြိုက်တတ်လဲဆိုတာကို သိအောင်လုပ်ပါ၊ Poll တွေလုပ်ပြီး စစ်တမ်းကောက်တာမျိုး၊ forum တွေ bulletin board တွေကိုသွားပြီး Trend ကဘာတွေလဲဆိုတာတွေကို အမြဲလေ့လာသင့်ပါတယ်၊၊  keyword တွေကို research လုပ်ပါ၊ အင်တာနက်မှာ အလကားရတဲ့ Google Keyword Tool ဒါမှမဟုတ် SEO Book’s Keyword Tool စတဲ့ keyword tools တွေအများကြီး ရှိပါတယ်။ keyword tools တွေကို အချိန်အကြာကြီး လေ့လာနေစရာမလိုပါဘူး။ ဒီ field ထဲမှာ ဘယ်လို keyword တွေ ခေတ်စားနေတယ်၊ customer တွေက ဘယ်လို keyword တွေကို ကိုရှာလာကြသလဲ ဆိုတာလောက်သိတယ်ဆိုရင် အဆင်ပြေပါပြီ။

2 . Don’t Be Dense About Keyword Density

ကျနော်တို့တွေ Topic  အသစ်တစ်ခုနဲ့ Content ရေးပြီးပြီဆိုတာနဲ့ Search Engine တွေမှာ ဒီ Topic ပေါ်နေစေဖို့အတွက် ကြိုးစားရပါတော့မယ်၊ “Keyword Density” ဆိုတာက  Topic တစ်ခုရဲ့ keyword ဟာ ဒီ Topic ထဲမှာ ဘယ်နှစ်ကြိမ်လောက်ပါသလဲ ဆိုတာပါပဲ၊(ဘယ်နှစ်ကြိမ်ပါသလဲဆိုတာကို ဒီ topic ရဲ့ စာလုံး အရေအတွက်နဲ့ နှိုင်းယှဉ်ပါတယ်) ၊ keyword တွေမပါမဖြစ်ပါရမယ့် နေရာတွေကို အောက်မှာ ပြထားပါတယ် …

the Title Tag
the Page URL (friendly URL)
အဓိက ခေါင်းစဉ် (Main Heading - H1 or H2)
ဆောင်းပါးရဲ့ ပထမဦးဆုံး အပိုဒ်မှာ
စာကိုယ်မှာ အနည်းဆုံး ၃ ခါလောက် (နည်းတာများတာက သိပ်အရမ်းကြီး အဓိက မကျပါဘူး၊ အရမ်းများလေ ကောင်းလေလို့ ထင်ပြီး ဆိုင်ဆိုင် မဆိုင်ဆိုင် လျှောက်မထည့်ပါနဲ့ )
တော်တော်များများက keyword density ကို 2% ထားလေ့ရှိပါတယ် (ဆိုလိုတာကတော့ စာလုံး ၁၀၀ တိုင်းမှာ keyword 2 ခုပါရမယ် ပေါ့)။  ပုံမှန်ဆိုရင် SEO နဲ့ပါတ်သတ်အောင် ရေးဖို့ပျင်းတတ်ကြတာများပါတယ်။
နောက်တစ်ခုကတော့ ကိုယ့် ဆောင်းပါးမှာ same keywords တွေထပ်မနေဖို့ကို သတိထားပါ၊ Search Engine က keyword stuffing လုပ်တယ်ဆိုပြီး penalized လုပ်နိုင်လို့ပါ။ (spam လို့ထင်ပြီး နောက်တစ်ခေါက် ထပ်မလာတော့တာကို ပြောတာပါ)။

3 . Don’t Be Afraid of Internal Linking

ကိုယ့် website ထဲက page တွေတိုင်းကို search engine က မြင်စေချင်သလား။ ဒါဆို search engine spider တွေကို ရှာတွေ့အောင် ကူညီလိုက်ကြဖို့ ရှိတာပေါ့။ ဒါဆိုရင် sitemap လို၊ blog archives လိုမျိုး site ထဲမှာရှိတဲ့ pages တိုင်းကို လင့်ခ်ပေးထားတဲ့ page လေးတစ်ခု လုပ်ပေးထားလိုက်ပါ။

4. Don’t Ignore Broken Links

ကိုယ့် site ထဲက broken links တွေကို ရှာပြီး ပုံမှန် ပြန်ပြင်ပေးသင့်ပါတယ်။ တကယ်လို့ page တစ်ခု section တစ်ခုကို ဖျက်လိုက်ပြီဆိုရင် robot.txt ကိုသုံးပြီး၊ ဖျက်လိုက်တဲ့ pages တွေကို crawl မလုပ်ပါနဲ့တော့လို့ အသိပေးနိုင်ပါတယ်။ ဒါမှမဟုတ် page တွေတင်မကပဲ site တစ်ခုလုံးပါ ရွှေ့လိုက်တယ်ဆိုရင် 301 .htaccess ကိုသုံးပြီး ပြောင်းသွားတဲ့ URL အသစ်ကို redirect ပြန်လုပ်ပေးနိုင်ပါတယ်။Google Webmaster Tool ကိုသုံးပြီးတော့ broken links တွေ၊ 404 Not Found errors ဖြစ်နေတာတွေကို ရှာဖွေနိုင်ပါတယ်။

5 . Don’t Be Inconsistent With Your Domain URL

Website တွေရှေ့မှာ www မပါတာနဲ့ ပါတာဟာ technically အရ ပြဿနာမဟုတ်ပေမယ့်၊ Search Engine တွေအတွက်ကတော့ ဟုတ်ပါတယ်။ သူတို့က တူတူပဲလို့ နားလည်မှာမဟုတ်ပါဘူး။ သီးခြားစီလို့နားလည်မှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့် website ကို promote စလုပ်စဉ်က www မပါခဲ့ဘူးဆိုရင်၊ နောက်လဲ မပါပါစေနဲ့တော့။ ဒါမှ တိကျတဲ့ traffic ranking ကိုရမှာဖြစ်ပါတယ်။

Post a Comment

0 Comments