လည်စည်း နှင့် Content Marketing


မနေ့က Digital Marketing Summit 2017 ကို ကျွန်တော်လည်စည်း တပ်ပြီး သွားခဲ့တယ်။ လည်စည်းက တော်တော်တပ်ခဲပါတယ်။ မတပ်သလောက်ပဲ။ မနေ့ကတော့ တမင် ရည်ရွယ်ချက်နဲ့ တပ်သွားတာ။

တကယ်တော့ အဲဒီလည်စည်းတပ်ရခြင်းဟာ Content Marketing နဲ့ ဆက်စပ်နေတယ်ဗျ။

မနေ့က လူ ၄၀၀ နီးပါးလောက် လာတယ်ထင်တယ်။ Local အများစု၊ Foreigner နည်းနည်းပါတယ်။ တစ်ချို့က ကုတ် တွေဝတ်ထားကြတယ်။ ဒါပေမယ့် လည်စည်းတပ်ထားတဲ့သူက ကျွန်တော်တစ်ယောက်တည်းရှိတယ်။

အဲဒီလည်စည်းဟာ Content ပါပဲ။ ကျွန်တော် ဆိုတဲ့ brand ကို stand out ဖြစ်စေတယ်။ လူတွေအများကြီးကြားထဲမှာ လည်စည်းတကားကားနဲ့ ကျွန်တော်ကို သူများထက်ပိုပြီး သတိထားမိစေတယ်။ နောက်တစ်ချိန် "အောင်မွန်ချမ်း ဆိုတာ ဘယ်တစ်ယောက်လဲ" မေးလိုက်ရင် "Digital Marketing Summit 2017 တုန်းက လည်စည်းနဲ့ ဘဲလေ" ဆို တန်းသိပြီမလား။

အစက မေးတဲ့သူရှိရင် အဲဒါပြောပြမလို့ စင်ပေါ်မှာ။ မမေးတော့ မပြောလိုက်ရဘူး။ မေးများမေးရင် စင်ပေါ်မှာ ပြောလိုက်မယ်ပေါ့။ အဲဒီလို စင်ပေါ်မှာ ပြောခြင်းကတော့ Content ကို Promote လုပ်လိုက်တာ ဖြစ်ပါတယ်။

(ခု စာရေးတာလဲ Promote လုပ်ခြင်းတစ်မျိုးပါပဲ)





Post a Comment

0 Comments