လူသားတစ်ဦး ဟာ တစ်နေ့ မှာ ပြသနာ ( Conflict ) ပေါင်းများစွာ ကြုံ တွေ့ရပါတယ် …. ပြသနာတစ်ခုခုမဖြစ်ပဲ ပြီးသွား တဲ့နေ့ ဆိုတာမရှိပါ ဘူး … အနဲ နဲ့ အများကတော့ ဖြစ်ကို ဖြစ်ကြပါတယ် … ဒီ ပြသနာတွေ ထဲက မှ မဆုတ်သာ မတိုးသာသော အခြေအနေမျိုးနှင့် အပြန်အလှန် စွတ်စွဲ သော အခြေအနေ မျိုးတို့ ဖြစ်ပေါ်လာတဲ့အခါ မှ မိမိကိုယ်ကိုယ် ကာကွယ်ရန် အငြင်းပွား မှု အနေအထား ကို ရောက်ရှိ လာကြ လေ့ရှိပါတယ် … ဒီ လို အငြင်း ပွား မှု ဖြစ်မှ သာ ပြသနာ အခြေအနေက ပြီးဆုံး တည်ငြိမ် ပြီး တစ်ဦး နှင့် တစ်ဦး ဆက်သွယ် ရေးပြန် လည်ရရှိ မည် ဖြစ်တယ် … ဒီလို အငြင်းပွား မှု အခြေ အနေ တစ် ခု မှာလဲ ရှောင်ပြေးခြင်း ၊ ဆန့်ကျင်တိုက်ခိုက်ခြင်း ၊ အရှုံး ပေးခြင်း ၊ တာဝန်ရှောင်ခြင်း ၊ အပေးအယူလုပ်ခြင်း ၊ အများသဘောတူမှု ရယူခြင်း အစရှိတယ့် ဖြေရှင်းပုံ ၆ မျိုး ရှိပါတယ် … မေးခွန်း ကတော့ ဒီ ဖြေရှင်းပုံ ၆ မျိုးထဲ က မှ ဘယ် ဖြေရှင်းနည်းက အသင့်တော်ဆုံး ဖြစ်မလဲ ??
( ၁ ) ရှောင်ပြေးခြင်း
ရှောင်းပြေးခြင်း ရှောင်တိမ်း ခြင်းဆိုတာက ပြသနာ ကို လုံးဝ မဖြေရှင်းပဲ ပြသနာကို ပြသနာ အတိုင်းပဲ အပြီးသတ်လိုက်ခြင်းဖြစ်တယ် … ဒီ လို အပြီး သတ်လိုက်ခြင်းက ၂ ဖက် ဆက်ဆံ ရေးပျက် သွားတာ နှင့် ပြသနာ အဖြေက လဲ ပြေလည်သွားတာ မျိုး မဟုတ်တော့ ၂ ဖက်လုံး ရှူံး-ရှူံး ( Lose-Lose ) အနေအထား တစ်ခုသာ ကျန်ရစ်ခဲ့မည် ။
( ၂ ) ဆန့်ကျင်တိုက်ခိုက်ခြင်း
ဒီ နည်းလမ်းကတော့ အငြင်းပွား မှုကို မာန်ပါပါ ကိုင်တွယ်ဖြေရှင်းသူတို့ရဲ့လက်သုံးနည်း ဖြစ်ပြီး ဒီ နည်းကမိမိ မှ မိမိ အနိုင်ရရန် ဦးတည်ပါတယ် …. ဒီလို ဖြေရှင်း လျှင် ပြ သနာအဖြေ က နိုင်-ရှုံး( Win - Lose ) ဖြစ်နေသော်လည်း မိမိ က ပြသနာ ကိုသာ အနိုင်ရပြီး အခြားခင်မင် မှု နှင့် မိမိ သတိမထား မိသော အရာများစွာ ဆုံးရှုံးသွားနိုင်တယ်ဆိုတာ သတိထားစရာ အချက် ဖြစ်တယ် …
( ၃ ) အရှုံး ပေးခြင်း
ဒီ နည်းလမ်းက တော့ နဲနဲ မှ ခေါင်းရှုပ်မခံ ခပ်ပေါ့ပေါ့နှင့် ပြသနာကို အေးစေလိုသူတို့၏ လက်စွဲနည်းဖြစ်ပြီး မိမိ ရပ်တည်မှု အကုန် ကို လွှတ် ချအလျှော့ပေးပြီး နောက်ဆုတ်လိုက်ခြင်းဖြစ်တယ် .. ဒီလို ဖြေရှင်းခြင်းက ရှုံး-နိုင် ( Lose - Win ) ရလဒ် သာရမည် ဖြစ်ပြီး မမျှ တသော ဖြေရှင်းနည်းဟုဆိုနိုင်ပေမည် ။
( ၄ )တာဝန်ရှောင်ခြင်း
ဒီ နည်းလမ်းကတော့ နံပါတ် ၃ နည်း လမ်းနှင့်သိပ်တော့ မခြားပေ … နဲနဲ ကွာဟ သွားသည်မှာ နဲနဲ မှ ခေါင်းရှုတ် မခံ ချင်သော်လဲ ပြသနာ မှာ အနိုင်ရချင်တဲ့ အတွက် အခြား ကိုယ်စားလှယ် သို့မဟုတ် အာဏာပိုင်တို့ အား လွှဲပြောင်းဖြေရှင်းစေသည့် နည်းဖြစ်သည် ..ထို ကိုယ်စားလှယ် မှ ပြသနာကို ဖြေရှင်းပေးမည်ဆိုပါသော်လည်း ထို ပြသနာ မှာ မိမိ နိုင်မည် ဆိုသည်မှာ လဲ အာမ မခံနိုင် ။ နှစ်ဖက် လုံး အရှုံး-အ၇ှုံး ( Lose-Lose ) ရလဒ်လဲ ရှိကောင်း ရှိနိုင်သည် ။
( ၅ ) အပေး အယူ လုပ်ခြင်း
ယခု ဖြေရှင်းနည်း မှာတော့ မည်သို့ တွေးဆ မှုပေါ် မူတည် ပြီး ၂ဦး ၂ ဖက် အလျှော့ပေး တာလဲ ရှိသလို အနိုင်ယူတာလဲ ရှိပြီး ကျေနပ် သည်အထိ ညှိ နှိုင်းဖြေရှင်းခြင်း ဖြစ် တယ် .. ထိုဖြေရှင်းနည်းက လဲ အသင့်တင့် ဆုံးဖြစ်ချင် မှ ဖြစ်မယ် ။ သို့ သော်အခြေ အနေအရ လက်တွေ့ ကျကျ အဖြေ မျိုးဖြစ်တယ် .. ရလဒ် မှာ ရှုံးနိုင်-ရှုံးနိုင် ( Win-Lose and Win-Lose ) ဖြစ်ပါတယ် …
( ၆ ) အများသဘောတူ မှု ရယူခြင်း
ယခု နည်း ကတော့ အဖြေ တစ်ခု ဖြေရှင်းနည်းတစ်ခု တည်း ပေါ် မှာတင် ၂ဦး သဘော တူသည် အထိ ဖြေရှင်း ခြင်းဖြစ်သည့်အတွက် ရလဒ် မှာ နိုင်-နိုင် ( Win-Win ) ဖြစ်သည့် အတွက် ၂ဦး ၂ ဖက်ကျေလည်ပြီး ပြသနာ အပါအ၀င် နောက်ဆက် တွဲဆိုးကျိုး ပြသနာ ပါ ကင်းရှင်းစေ ပါတယ် ..
ဒီ လိုမျိုး ကျွန်တော် တို့ နေ့စဉ်ကြုံ တွေ့ နေရတဲ့ ပြသနာ များကို နောက်ဆက်တွဲ ပြသနာ ၊ အမုန်းတရား ကင်းကင်းနဲ့ ၂ ဦး ၂ ဖက်သဘောတူ ဖြေရှင်း မှသာ နောင်လာမည့် ကိစ္စ များအတွက် လဲ အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ...
0 Comments