အရောင်းလုပ်ငန်းတစ်ခု အတွက် ရောင်းအားကောင်းစေဖို့ ကြော်ငြာလုပ်တဲ့ နေရာမှာ ထိရောက်စေဖို့ အတွက် Unique Selling Point Theory ကို 1940 အစောပိုင်း ခုနှစ်ခန့်က စတင် အသုံးပြု ခဲ့ကြပါတယ် ။
Unique Selling Point (USP) Theory အရ သင့်ပတ်ဝန်းကျင်မှာ သင့် Product နှင့်အပြိုင် Product တွေ ရှိနေတယ်ဆိုရင် သင်ဟာ သင့် Product ကို သူများထံ မရောင်းချခင်မှာ သင့်ကိုယ်သင် အရင်ပြန်ရောင်းကြည့်သင့်ပါတယ် .. သင်သာ Customer ဆိုရင် သဘောကျမလား Product ကို ဘယ်လို ဆိုသဘော ကျမလဲ ဘယ်လိုပုံစံလိုချင်မလဲဆိုတာတွေက ထည့် ပြီး စဉ်းစားသင့်တဲ့ အချက်တွေပါ
သင်သတိထားရမယ့် အချက်တွေက ဈေးနှုန်း က အမြဲတမ်း လူတွေရဲ့ ၀ယ်လိုစိတ်ကိုဆွဲဆောင်နေတဲ့အရာမဟုတ်ပါဘူး .။ အကယ်၍ သင့်ထက်အင်အားကြီးတဲ့ လုပ်ငန်းပြိုင်ဖက်တစ်ခုက သင့်ကို ဈေးနှုန်း နဲ့အနိုင်ယူနေရင်တောင် ငါ သူ့ထက်ဘယ်လို Service မျိုးပို သာအောင်ပေးရမလဲဆိုတာကိုသာ တွေးပြီး ပြန် အနိုင်ယူဖို့ ကြိုးစားသင့်ပါ တယ် ။
သင့် Product ရဲ့ ဘယ်အရာက Customer ရဲ့ ၀ယ်လို စိတ်ကို ဆွဲဆောင်နေတယ်ဆိုတာ မမေ့ပါနဲ့ .. အမြဲ သင့် Product ရဲ့ Customer အပေါ် ဆွဲဆောင်နေတဲ့ အချက်ကို အမြဲ ထိန်းသိမ်းထားနိုင်အောင် ကြိုးစားသင့်တဲ့အပြင် ပို ပိုပြီး ဆွဲဆောင်နိုင်အောင်ပါ ကြိုးစားပါ ။
ဘာလို့သင့် Product က ပြိုင်ဖက် တွေထက်သာလွန်ပြီး Customer ကိုဆွဲဆောင်နိုင်လဲ ဆိုတာကို ပြောပြဖို့ မမေ့ပါနဲ့ ။ သင့် Product က သူများထက် ဘာပို သာလဲ ဆိုတာကို ဖော်ပြနိုင်မှ သာ လက်ရှိ ရနေတဲ့ Customer ထက် ပိုများ တဲ့ Customer အရေ အတွက်ကို ရနိုင်မှာ ဖြစ်ပါတယ် ။
ဥပမာ - iPhone တွေအတွက် အဓိက Apple က ပေးနေတဲ့ USP က သူတို့ ဖုန်းတွေ ရဲ့ Security ကို အာမခံ နေခြင်းမျိုး ဖြစ်ပါတယ်။
#AMTK
0 Comments