Social Media Tips လေးတွေ ပြောပြပေးပါလို့ တောင်းဆိုသူများအတွက်… Social Media ပေါ်မှာ ဒါလေးတွေ လုပ်ရပါမယ်ခင်ဗျ..
၁) လူတွေကိုပဲ Focus လုပ်ပါ။ လူတွေကို ဘယ်လိုကူညီရမလဲတွေးပါ။ ရောင်းရဖို့ချည်းပဲ မတွေးပါနဲ့။
၂) အချိန်နဲ့အမျှ ပြောင်းလဲနေမယ့် industry ထဲမှာဖြစ်တဲ့အတွက် လိုအပ်သလို လိုက်ပြီး ပြောင်းလဲဖို့ မကြောက်ပါနဲ့။
၃) စမ်းသပ်ပါ။ အသစ်လုပ်ဖို့မကြောက်နဲ့။
၎) လူတွေကို စက်ရုပ်လို မတုံ့ပြန်ပါနဲ့။ အပြင်မှာပြောဆိုဆက်ဆံသလိုပဲ Social Media ပေါ်မှာလဲ ဆက်ဆံရပါမယ်။ ကြိုတင်ရေးထားတဲ့ Customer Service Script တွေဟာ အသုံးမဝင်ပါ။
၅) ကိုယ့်ကိုမေးတဲ့ မေးခွန်းတိုင်းကို ဖြေပေးဖို့ ကြိုးစားပါ။
၆) ပိုက်ဆံပေး boost လို့ရလာတဲ့ Audience တွေကိုပဲ မှီခိုမနေပါနဲ့၊ လူတွေကို ကူညီရင်း ကိုယ့်ကိုလဲ ပြန်ပြီး ကူညီပေးနိုင်မယ့် audience တစ်ခု တည်ဆောက်ပါ
၇) Engagement ကို Focus လုပ်ပါ
၈) Social Media ပေါ်က စကားဝိုင်း၊ ဆွေးနွေးမှုတွေကို ဝင်ပါ။ ဆွေးနွေးပါ။
၉) ကိုယ့် Product အကြောင်းချည်းပဲမပြောပါနဲ့။ ကိုယ့် audience ဘာလိုချင်တာလဲ၊ ဘာစိတ်ဝင်စားလဲဆိုတာ သိပါ။
၁၀) ပြန်လည်မျှဝေကြမယ့် Content မျိုးတွေ ဖန်တီးပါ။
၁၁) မိုဘိုင်းလ်ကနေ ကြည့်ရတာအဆင်ပြေမယ့် Mobile Responsiveness ကိုလဲ မမေ့ပါနဲ့
၁၂) တိကျတဲ့ Objective သို့မဟုတ် Goal တွေရှိရပါမယ်။ Social Media Strategy ကို အဲဒီ Objective ပေါ်မှာ မှီတည်ပြီး တည်ဆောက်ပါ။
၁၃) အချိန်တစ်ခုစောင့်ကြည့်ပြီး ရယူထားတဲ့ Data ပေါ်အခြေခံပြီးမှ ရလာမယ့် insights တွေကို သုံးပြီး ဆုံးဖြတ်ချက်ချပါ။ အချိန်တိုအတွင်း အမြန်မဆုံးဖြတ်ပါနဲ့။
၁၄) ကိုယ့် brand ရဲ့ reputation (ဂုဏ်သိက္ခာ) ကိုတည်ဆောက်ပါ။ အပေါ်ရောက်ဖို့ချည်းပဲ မတွေးပါနဲ့။ အပေါ်ကို ဘယ်လိုရောက်လာသလဲဆိုတဲ့ နည်းလမ်းကလဲ အရေးကြီးပါတယ်။
၁၅) ကိုယ့်အပေါ်မှာ ကိုယ့် brand ပေါ်မှာ သစ္စာရှိလာမယ့် Brand Loyalty ကို တည်ဆောက်ပါ။
၁၆) ကိုယ့်ရဲ့ Objective ကိုရောက်ဖို့ ကူညီပေးနိုင်မယ့် Social Platform ပေါ်မှာ ရင်းနှီးမြှုပ်နှံပါ။ သူများလုပ်လို့ လိုက်လုပ်တာမျိုး၊ ရှိရှိသမျှ Social တွေပေါ်မှာ ရှိနေဖို့ ကြိုးစားတာမျိုး မလုပ်ပါနဲ့။
0 Comments