၁၂ လ income stream ၁၂ ခု .. ဖြစ်နိုင်ပါ့မလား


၂၀၁၈ ကိုရောက်တော့မယ်..

၂၀၁၈ ဟာ မဖြစ်နိုင်ဘူးဆိုတဲ့ စကားကို ကျော်လွှားမယ့် စိန်ခေါ်မယ့်နှစ် ဖြစ်လာမှာပါ.. ဇန်နဝါရီလ ကနေပြီး ဒီဇင်ဘာထိ ၁၂ လ အတွင်း Income Stream (12) ခု (သို့) ကုမ္ဗဏီ (12) ခု ထောင်မယ်လို့ ကျွန်တော် ကိုယ့်ကိုကိုယ် စိန်ခေါ်ထားတယ်.. တစ်လကို တစ်ခု နှုန်းပေါ့..

ဘယ်လို income stream မျိုးလဲ ဘယ်လိုလုပ်ငန်းတွေလဲ ခုထိ ဘာမှမသိသေးပါဘူး.. ဘယ်က စလုပ်ရမလဲ ဘာတွေလုပ်မလဲ ဆိုတာလဲ ခုထိ ဘာမှမသိသေးပါဘူး.. ဘယ်အထိသွားမလဲ ဘယ်လို exit လုပ်မလဲ ဆိုတာလဲ ခုထိ ဘာမှကို မသိသေးပါဘူး..

ဒါပေမယ့် လုပ်တာတော့ သေချာပေါက် လုပ်မှာပါပဲ.. အဓိကက လုပ်ဖြစ်ဖို့ပဲ အရေးကြီးတာ.. Facebook ကို စထောင်တုန်းက Mark Zuckerberg တစ်ယောက် ဒီလောက်ထိ ကြီးထွားလာဖို့ ကြိုတင် ပြင်ဆင်ထားခဲ့တာမဟုတ်ပါဘူး.. လုပ်ရင်းကိုင်ရင်း သင်ယူလာခဲ့တာပါ. ဒါကြောင့် ပထမဆုံး ခြေလှမ်းဖြစ်တဲ့ စ လုပ်ဖြစ်ဖို့က အရေးကြီးဆုံးပါ.. ကျန်တာအားလုံးကို သင်ယူလို့ရပါတယ်..

ကျွန်တော်လုပ်မယ့် လုပ်ငန်းတွေဟာ Online Shop လဲဖြစ်ချင်ဖြစ်မယ်၊ အပြင်မှာ ဖွင့်ထားတဲ့ ဆိုင်လဲ ဖြစ်ရင်ဖြစ်မယ်၊ Website လဲ ဖြစ်ရင်ဖြစ်မယ်၊ အခုရှိနေပြီးသား income stream ကို ပုံစံပြောင်းပြီး နောက်ထပ် stream တစ်ခု ဖန်တီးတာလဲ ဖြစ်ရင်ဖြစ်မယ်.. ဘာလဲရယ်တော့ သေချာမသိသေးဘူး..

ဒီလုပ်ငန်းတွေလုပ်နေရင်းနဲ့ အဲဒီအကြောင်း blog လဲ ရေးပါမယ်.. လုပ်ငန်းတစ်ခုအတွက် အိုင်ဒီယာ ရလာပုံ၊ research လုပ်တဲ့အကြောင်းတွေ၊ တွေ့ရတဲ့အခက်အခဲတွေ၊ ဘယ်လိုကျော်လွှားမလဲဆိုတာတွေ၊ ရလာတဲ့ result တွေ ဒါတွေအားလုံးကို (12) လလုံး blog ရေးမှာဖြစ်ပါတယ်.

ကျွန်တော်နဲ့အတူတူလိုက်လုပ်လို့လဲ ရပါတယ်.. blog ကိုဖတ်ပြီး ကိုယ့်လုပ်ငန်းမှာ apply ပြန်လုပ်ရင်လုပ်၊ ဒါမှမဟုတ်လဲ လုပ်ငန်းအသစ်တစ်ခု အတူတူလုပ်ကြည့်လို့ရမယ်။ ကျွန်တော်နဲ့ လုပ်ငန်းတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ကိစ္စမရှိပါဘူး.. အတူတူ အောင်မြင်ကြဖို့သည်သာ လိုရင်းပါ..

ဒီ blog post တွေကို လောလောဆယ် ကျွန်တော့် website မှာပဲ category ခွဲပြီး တင်ထားပါမယ်။ နောက်ပိုင်းတော့ site တစ်ခု သပ်သပ်ခွဲရင်လဲ ခွဲထုတ်လိုက်မယ်။ ရှာရတာပိုလွယ်အောင်ပေါ့။ Social Media ပေါ်မှာတော့ #1StreamAMonth ဆိုတဲ့ hashtag နဲ့ တင်မှာမို့ အဲဒီ hashtag နဲ့ ရှာလို့ရမှာပါ။

မင်းဟာမင်း လုပ်ငန်းတွေလုပ်တာ ဘာလို့ စာတက်ရေးလဲ၊ blog တွေရေးလဲ၊ ကြွားတာလား ဆိုတော့ မဟုတ်ပါဘူး.. ဒီတိုင်းမနေနေဘဲ ကြိုးစားချင်စိတ်ပေါ်အောင် ကိုယ့်ကိုကိုယ် ရော အားလုံးကိုရော တွန်းအားပေးချင်တာရယ် .. ဒီလို တက်ရေးထားခြင်းဖြင့် commitment တစ်ခုရစေပြီး ကတိပေးလိုက်သလို ဖြစ်သွားစေတာရယ် ကြောင့်ပါ..

ခုတော့ ခင်ဗျားတို့ကို ကတိပေးပြီးပြီဆိုတော့ ကျွန်တော် လုပ်ကိုလုပ်မှ ရတော့မှာပေါ့.. အိုကေ စ ရအောင်.. နောက်တစ်ပို့စ်မှာ တွေ့မယ်နော်..

#1StreamAMonth #2018

Post a Comment

0 Comments