2018 မှာ ဖြစ်လာမယ့် Trend တွေထဲမှာ Chat Bot လို့ ခေါ်တဲ့ Facebook Messenger, Viber, Telegram အစရှိတဲ့ Platform တွေကို သုံးထားတဲ့ အလိုအလျောက်စကားပြောနိုင်တဲ့ AI Bot တွေပါမယ်လို့ ခန့်မှန်းထားတဲ့အတိုင်း.. 2018 January ရဲ့ ပထမဆုံး 1st Income Stream/Project ကို Chat Bot သုံးပြီး လုပ်မှာပါ..
Chat Bot တွေပေါ်လာတာ တကယ်တော့ ဟိုးအရင်ခေတ်တုန်းက Website တွေ Blog တွေ စပြီး တည်ထောင်နေခဲ့တုန်းက အချိန်ကို ပြန်ရောက်သွားသလို ခံစားရတယ်.. အရင်တုန်းက idea အသစ်တွေ ဘယ်သူမှ မလုပ်ရသေးတာတွေ အများကြီး.. ကြိုက်တဲ့ idea ကို ကောက်ယူပြီး Website လုပ်ရုံပဲ.. နောက်ပိုင်းကျမှ တဖြည်းဖြည်း များလာတော့ idea တွေရှားပါးပြီး site တွေများလာရော..
ခု Chat Bot တွေပေါ်လာတော့ အရင်က idea တွေကို ပုံစံတစ်မျိုးနဲ့ ပြန်အသက်သွင်းလို့ရလာတယ်.. တစ်ခုပဲ ဘယ်လောက်ထိ ကြာရှည်ခံမလဲဆိုတာတော့ ကြည့်ရမယ်..
ဘာပဲဖြစ်ဖြစ် #1StreamAMonth ရဲ့ ပထမဆုံး Project အတွက် စိတ်လှုပ်ရှားနေမိတယ်...
#2018
0 Comments