Blog ရေးသားရာမှာဖြစ်ဖြစ်၊
Offline/Online Media တွေမှာ ဆောင်းပါးရေးရာမှာပဲဖြစ်ဖြစ် ခေါင်းစဉ်က တော်တော်အရေးကြီးပါတယ်။
လူတွေက ခေါင်းစဉ်ကိုပဲ အရင်ဖတ်လိုက်ကြတာ.. စိတ်ဝင်စားဖို့ကောင်းမှ ဆက်ပြီး ဝင်ကြည့်ကြတယ်..
စိတ်ဝင်စားဖို့မကောင်းရင် ကျော်သွားကြရော.. ဒါကြောင့် ကိုယ့် Content ဘယ်လောက်ပဲကောင်းနေနေ
ခေါင်းစဉ်တပ်မကောင်းရင် ဘယ်သူမှဖတ်ဖြစ်မှာမဟုတ်ပါဘူး။ ဒီတော့ ခေါင်းစဉ် ကောင်းကောင်း
ဘယ်လိုတပ်မလဲတဲ့.. (၉) နည်း ရေးပေးထားပါတယ်..
(၁)
Helpful
ဒီဆောင်းပါးဟာ
ဖတ်မယ့်သူရဲ့ အခက်အခဲ ဖြစ်နေတဲ့အချက်ကို ဖြေရှင်းပေးတဲ့ ဆောင်းပါးဖြစ်ကြောင်း ဖတ်မယ့်သူ
သိအောင် ရေးသားတဲ့နည်းဖြစ်ပါတယ်။
ဥပမာ - “ရေခဲသေတ္တာထဲမှာ
အသားနံ့တွေ ပျံ့နှံ့မှု မရှိအောင် ဘယ်လိုလုပ်မလဲ”
(၂)
Emotion
ဖတ်ရှုသူရဲ့
စိတ်ခံစားမှုတစ်ခုခုကို လှုံဆော်ပေးနိုင်တဲ့ ခေါင်းစဉ်မျိုးဖြစ်ပါတယ်။ စိတ်ခံစားမှုကို
ရွေးချယ်တဲ့နေရာမှာ သနားခြင်း၊ ပျော်ရွှင်ခြင်း၊ ကျေနပ်ခြင်း အစရှိတဲ့ ခံစားမှုတွေက
Engagement ပိုကောင်းစေပါတယ်။
ဥပမာ - “သားနဲ့
ချွေးမတို့က ရိုက်နှက်နှိပ်စက်ပြီး တောင်းရမ်းရန် စေခိုင်းခံနေရတဲ့ အဖိုးအို ကို အကူအညီပေးရန်
စီစဉ်”
(၃) Ask
မေးခွန်းမေးမြန်းတဲ့
ခေါင်းစဉ်တွေကလဲ ထိရောက်ပါတယ်။ ကိုယ့်စာကို ဖတ်ရှုမယ့်သူတွေရဲ့ သိလိုတဲ့ အကြောင်းအရာကို
ကြိုတင်မေးမြန်းပေးထားတဲ့ ခေါင်းစဉ်မျိုး တပ်ကြည့်ပါ။
ဥပမာ - “လူတွေ
Click မနှိပ်ရမနေနိုင်မယ့် ခေါင်းစဉ်မျိုး ဘယ်လိုရေးမလဲ”
(၄) Dos
& Don’ts
ဒါတွေကိုတော့
လုပ်သင့်တယ်၊ ဒါတွေကတော့ မလုပ်သင့်ဘူး ရှောင်သင့်တယ် စသဖြင့် ရေးသားထားတဲ့ ဆောင်းပါးမျိုးမှာဆို
ခေါင်းစဉ်တပ်လို့ အရမ်းကောင်းတယ်။
ဥပမာ - “ရန်ကုန်မှာ
အဆောင်နေသူများ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ”
(၅) Lists
လူတိုင်း
List တွေကို ကြိုက်ပါတယ်။ အခုတောင် ကျွန်တော်တပ်ထားတဲ့ “Content ရေးသားရာမှာ မသိမဖြစ် သိကို သိထားသင့်တဲ့ ခေါင်းစဉ်ရေးသားနည်း (၉) နည်း” ဆိုတဲ့ ခေါင်းစဉ်ကြောင့် မိတ်ဆွေဒီမှာ
လာဖတ်နေပြီမဟုတ်လား။
(၆) Inspire
စိတ်အားတက်ကြွစေတဲ့
စိတ်ခွန်အားပေးတဲ့ ခေါင်းစဉ်မျိုးတွေဟာလဲ စွဲဆောင်မှုရှိပါတယ်။
ဥပမာ - “ကျောင်းဆရာဘဝမှ
ဘီလျံနာဖြစ်လာတဲ့ တရုတ်သူဌေးကြီး Jack Ma ရဲ့ အောင်မြင်ခြင်းနည်းလမ်းများ”
(၇)
Nightmare
ညဘက်မှာ အိပ်မက်ဆိုးမက်ပြီး
ထထိုင်ရလောက်တဲ့အထိ ဒုက္ခရောက်နေတဲ့ ပြဿနာတွေအကြောင်း တပ်ထားတဲ့ ခေါင်းစဉ်မျိုးတွေလဲ
ရေးနိုင်ပါတယ်။
ဥပမာ - “Facebook
Boosting ပြဿနာများနဲ့ ၎င်းတို့ကို ဖြေရှင်းနည်းများ”
(၈)
Empathy
ကိုယ့်ရဲ့
စာဖတ်သူတွေကို ဂရုစိုက်ကြောင်း၊ ကိုယ့်ကိုကိုယ်နေရာပေးထားတဲ့ ခေါင်းစဉ်မျိုးတွေလဲ ကောင်းတာပါပဲ။
ဥပမာ - “www.aungmonchan.com
ရဲ့ စာဖတ်သူများအတွက် အထူးသီးသန့်လက်ဆောင် 2017 Report ကို ရယူနိုင်ပြီ”
(၉)
Success
ဒီဆောင်းပါးကို
ဖတ်လိုက်ရင် အောင်မြင်မှု ရကိုရနိုင်လိမ့်မယ် ဆိုတဲ့ သဘောမျိုး၊ တစ်ခုခု Success ဖြစ်သွားမယ်ဆိုတဲ့သဘောမျိုး
ရေးသားထားတဲ့ ခေါင်းစဉ်တွေဟာလဲ အကောင်းဆုံးတွေထဲက တစ်ခုပါ။
ဥပမာ - “ပါဝါမလာတော့တဲ့
သင့် Android ဖုန်းကို 10 မိနစ်အတွင်း ပြုပြင်နည်း”
6 Comments
ကျေးဇူးတင်ပါတယ်ရှင့်
ReplyDeleteဟုတ်ကဲ့ပါ.. ဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးပါဗျ။
Deleteကျေးဇူးတင်ပါတယ်ဆရာ
ReplyDeleteမင်္ဂလာပါ ကိုအောင်မွန်ချမ်းရေ။ ကျွန်တော့်နာမည်က ဝေဖြိုးအောင်ပါ။ အခုကျွန်တော် OPPO Myanmar မှာ PR Specialist အဖြစ် အလုပ်လုပ်ကိုင်နေ ပါတယ်။ အရင်ကတော့ ကျွန်တော် NetGuide ဘက်မှာ စာရေးသူ၊ ဘာသာပြန်သူအဖြစ်နဲ့ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အခုလို ပြောင်းလဲလာတဲ့ခေတ် အခြေအနေအရ (ပွင့်လင်းမြင်သာမှုလေးလည်း ပိုမိုရရှိလာတဲ့အခြေအနေမျိုးမှာ) မိုဘိုင်းလောကရဲ့ traffic တွေက အံ့မခန်းကို မြင့်တက်လာတာတွေ့နေရပါတယ်။ ဒီအချက်က ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးလုပ်ကိုင်တဲ့နေရာမှာ traditional way တစ်ခုတည်းနဲ့တင် below the line တွေချည်းလုပ်နေရုံနဲ့ကျယ်ပြန့်မှုက အများကြီးရောက်ဖို့ခက်နေနိုင်ပါတယ်။ မိုဘိုင်းလို့ပြောတဲ့တိုးတက်ပြောင်းလဲလာမှုကြောင့် အွန်လိုင်း engagement တွေက ပိုမိုအလေးထားစရာဖြစ်လာပါတယ်။ စာနည်းနည်းခြေဆင်းခံနေရတာကို ခွင့်လွှတ်ပါကိုအောင်မွန်ချမ်း။ အကို့ရဲ့လက်ရှိလုပ်ဆောင်နေတာတွေကို သဘောကျတယ်ဗျာလို့ ခပ်ပြတ်ပြတ်ရေးရင် content ဖန်တီးမှုအရ ဖတ်ချင်စဖွယ်မဖြစ်မှာစိုးလို့ စကားပလ္လင်တွေခံနေရတာပါ။ ဟုတ်ကဲ့ ဆက်ပြောမယ်နော် ကိုအောင်မွန်ချမ်းရေ။ ဒီလိုမိုဘိုင်းလောကရဲ့ကျယ်ကျယ်ပြန့်ပြန့်ဖွံ့ဖြိုးတိုးတက်လာတဲ့လမ်းကြောင်းအရ စီးပွားရေးနယ်ပယ်က ကြောငြာမှုပုံစံတွေ၊ brand awareness ရအောင်လုပ်ဆောင်မှုတွေ၊ သူတို့ရဲ့ထုတ်ကုန်အကြောင်း၊ ၀န်ဆောင်မှုအကြောင်းတွေ လူသိ များထင်ရှားအောင်လုပ်ဆောင်မှုတွေကလည်း အွန်လိုင်းဘက်မှာ ပိုမိုများပြားလာခဲ့တာတွေ့နေရပါတယ်။ ဒီအချက်က Digital Marketing တင်ကဏ္ဍတစ်ခေတ်ဆန်းစေဖို့ (သူများနိုင်ငံတွေမှာတော့ သုံးနေတာကြာနေပါပြီ-လူတိုင်းဖုန်းသုံးနိုင်တဲ့အခွင့်အရေ မြန်မြန်ရခဲ့တာကို) ကြီးမားတဲ့လမ်းပွင့်မှုကြီးတစ်ခုလို့ ဆိုချင်ပါတယ်။ အရင် traditional way ပုံစံမျိုးနဲ့ အတွေ့အကြုံရင့်လှတဲ့ marketer တွေတောင်မှ အခုလို Digital Marketing နယ်ပယ်မှာတော့ ရုန်းကန်နေကြရတယ်ဗျ။ နည်းပညာစီးဆင်းမှုနှုန်းမှာ အကြောင်းအမျိုးမျိုးကြောင့် မလိုက်ပါနိုင်ခဲ့တဲ့အချက်က သူတို့အတွက်ကြီးမားတဲ့ အဟန့်အတားဖြစ်နေစေပါတယ်။ တတ်နိုင်ဘူးဗျ။ သူတို့မရင်းနှီးတဲ့အကြောင်းအရာတွေကို ကိုအောင်မွန်ချမ်းတို့လို လူငယ်တွေက ပိုမိုအကျွမ်းတ၀င်ရှိနေကြပြီး မြန်မြန်ဆန်ဆန်လေ့လာသင်ယူနိုင်တဲ့အားသာချက်တွေကြောင့် ပြန်လည်သင်ကြားဝေမျှပေးနိုင်နေတာဝမ်းသာစရာပါ။ လူကြီးတွေမှာ ဘ၀အမြင်ဖြတ်သန်းမှုအတွေ့အကြုံပိုကြပါတယ်။ လူငယ်တွေအများစုမှာတော့ ခေတ်အမြင်၊ ခေတ်ရေစီးကြောင်းနဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်ကြပါတယ်။ ဒါကိုပေါင်းစပ်ရောနှောလိုက်ရင် ပိုကောင်းတဲ့အခြေအနေတစ်ရပ်မျိုးဖြစ်လာနိုင်ပါတယ်။ ကိုအောင်မွန်ချမ်းရေ။ Digital Marketing အကြောင်း အသိအမြင်၊ အတွေ့အကြုံတွေပိုရှိနေတဲ့ အကို့ကို ကျွန်တော်လူချင်းတွေ့ပြီး မိတ်ဆွေတွေအဖြစ်နဲ့ ရင်းရင်းနှီးနှီးစကားပြောချင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ရဲ့ဖုန်းနံပါတ်လေးက 09-791974029 ပါခင်ဗျာ။ ကျွန်တော့်ရဲ့ email လေးကတော့ "mr.netizen.yangon@gmail.com" ပါခင်ဗျာ။ ကျွန်တော့်ရဲ့Facebook Account Name ကတော့ Wai Aung ပါ။ လေးစားပါတယ် ကိုအောင်မွန်ချမ်းရေ။ (အနှစ်ချုပ်လိုက်ရင် ကိုအောင်မွန်ချမ်းကိုတွေ့ချင်ပါတယ်။ ကိုအောင်မွန်ချမ်းသိထားတဲ့ Digital Marketing တွေအကြောင်းကို ဝေမျှခံယူလိုပါတယ်။ Digital Marketing နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကို တိုင်ပင်ချင်ပါတယ်။ ရင်းရင်းနှီးနှီးမိတ်ဆွေအနေနဲ့ ဖြစ်ခွင့်ရချင်ပါတယ်။) လိုရင်ကိုပဲရေးရင် ကျွန်တော့်အကြောင်းမသိသေးတဲ့ ကိုအောင်မွန်ချမ်းအတွက် သူစိမ်းဆန်ဆန်ဖြစ်နေမှာစိုးလို့ ကျွန်တော် ရှေ့ကနေပြီး အပျိုးတွေ၊ ခြေဆင်းတွေထည့်နေရတာပါခင်ဗျာ။ အကိုရဲ့ ဒီ 09976578387 ဖုန်းနံပါတ်လေးကိုဆက်သွယ်ရင် ရနိုင်တယ်မလားခင်ဗျာ။ ကျွန်တော့်စာကို အစအဆုံးဖတ်ပေးမယ့်လို့မျှော်လင့်ပါတယ်။ ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေ။
ReplyDeletethank you sir
ReplyDeleteကျေးဇူးပါ
ReplyDelete