၁) Topic
ရွေးတာ မှန်ပါစေ
Facebook
Video တွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး Topic (၅) ခုက ဘာတွေလဲဆိုတော့
Food,
Fashion/Beauty, Animals, Humor, DIY ပါတဲ့.. Food က ပေါ်ပြူလာအဖြစ်ဆုံးပေါ့
၂)
Timing လဲ မှန်ပါစေ
Video တစ်ခုရဲ့
အရှည်ဟာ အများဆုံး ၁၅၀ စက္ကန့်ထက် ပိုရှည်ရင် မကောင်းပါဘူး။ ၃၀ ထက် တိုရင်လဲ လိုအပ်တဲ့
info ပေးလို့မရတော့ဘူး။ အကောင်းဆုံး အရှည်ဟာ ၆၀ - ၉၀ စက္ကန့် ဖြစ်ပါသတဲ့။ ဒုတိယက ၉၀
- ၁၂၀ စက္ကန့်၊ တတိယက ၃၀ - ၆၀ စက္ကန့်၊ နောက်ဆုံးကတော့ ၁၂၀ - ၁၅၀ စက္ကန့်ဖြစ်ပါတယ်။ ၁၅၀
စက္ကန့်ထက် ရှည်သွားတဲ့ ဗွီဒီယိုတွေဟာ Engagement မတရားတွေ ကျသွားတာ တွေ့ရပါတယ်။
၃) အကောင်းဆုံးတွေကို
အရင်ပြပါ
Audience
ရဲ့ စိတ်ကို ဆွဲဆောင်ဖို့ ပထမဆုံး ၈ စက္ကန့်အချိန်ဟာ အသင့်တော်ဆုံးပါ။ သူတို့ကို ဘယ်လို
ကျုံးသွင်းမလဲ၊ video thumbnail ကို ဘာပုံထားမလဲ၊ caption ဘယ်လိုရေးမလဲ၊
storytelling ဘယ်လိုလုပ်မလဲ၊ ဒါတွေက သူတို့ကိုဆွဲဆောင်ဖို့ အရေးကြီးဆုံး အချက်တွေပါ။
၎) Story
ပြောပါ၊ ဈေးချည်းပဲ စွတ်မရောင်းနဲ့
Brand အကြောင်းပဲ
ပြောတဲ့၊ ဈေးပဲရောင်းတဲ့၊ TVC လို Product Focused လုပ်ထားတဲ့ ဗွီဒီယိုတွေကို ဘယ်သူမှ
ဂရုမစိုက်ကြဘူး။ Storytelling ကို ဂရုစိုက်ပါဗျာ..
၅) အသံမပါဘဲ
ဘယ်လိုပြောမလဲ
Facebook
video တွေကို ကြည့်ရှုမှုရဲ့ 85% ဟာ အသံမပါဘဲ ကြည့်ကြတာပါတဲ့။ အသံမပါဘဲ
storytelling လုပ်ဖို့ ကြိုးစားပါ။ လှလှပပ ပုံလေးတွေ၊ စာသားထည့်ထားတာတွေ၊ စာတမ်းထိုးပေးတာတွေနဲ့
information ပေးလို့ရပါတယ်။
Ref:
Buffer
1 Comments
ဟုတ်ကဲ့
ReplyDelete